အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား

6 2 0
                                    

❄️❄️❄️

'မုန့်ဆီကြော် ဘယ်နေမှန်းမသိသေးဘူး နှုတ်ခမ်းနာနဲ့တည့်ပါ့မလားတွေးပူတယ်' ဆိုတဲ့စကား ကြားဖူးလား...။

အဲ့ဒါ ကျွန်တော်အခုဖြစ်နေတဲ့ အခြေအနေပဲ။

"မင်းနဲ့ငါ တစ်နေရာရာသွားရအောင်..."

အဲ့စကား ကိုကို့ပါးစပ်ကထွက်လာပြီးကတည်းက ကျွန်တော့်မှာ နေမထိထိုင်မသာ ထိုင်မရထမရတွေ ဖြစ်နေခဲ့တာ။

မဟုတ်မှလွဲရော... နောက်ဆုံးတော့ အဲ့ဒီမြောက်ဝင်ရိုးစွန်းက ရေခဲကျွန်းမြောကြီးက ကျွန်တော့်သင်္ဘောခေါင်းတိုင်က  မှုတ်ထုတ်လိုက်တဲ့ စကားလုံးတွေရဲ့ ချစ်ဇောအဟုန်ပြင်းတဲ့ အနွေးငွေ့ကြောင့် စပြီးအရည်‌ပျော်လှုပ်ရှားလာပြီလား။

တစ်နေရာရာသွားရအောင်ဆိုတာက ဘယ်ကိုများလဲ လို့ ခန့်မှန်းကြည့်ရတာနဲ့ပဲ ကျွန်တော့် စိတ်ကတော့ နှစ်ရက်အတွင်း မြန်မာနိုင်ငံအနှံ့ကို နှစ်ပြန်ပတ်ပြီးသွားပြီ။

"ကိုကို... ကိုကိုပြောတဲ့ တစ်နေရာရာဆိုတာက ဘယ်လဲဟင်..."

"မဆုံးဖြတ်ရသေးဘူး၊ မင်းသွားချင်တဲ့နေရာရှိလို့လား..."

"ဟင်အင်း... မရှိပါဘူး... ကိုကိုပဲ ကြိုက်သလိုစီစဉ်ပါ...
ကျွန်တော်က ကိုကိုနဲ့သာ တူတူသွားရမှာဆိုရင် မြောက်ဝင်ရိုးစွန်းဆိုလည်း လိုက်မယ်၊ အာဖရိကက တောရိုင်းလွင်ပြင်ဆိုလည်း ကိစ္စမရှိဘူး၊ အာကာသအပြင်ထိ ဆိုရင်တောင် ကမ္ဘာ့လေထုထဲကထွက်ပြီး ကိုကိုနဲ့အတူ ခါးမှာကြိုးတွဲချည် ပေါလောမြောရင်း လိုက်အုံးမှာ..."

"အခုလောလောဆယ် ငါစာသွားသင်ရမှာမို့...
မင်းငါ့အိမ်ထဲက ထွက်နှင့်လိုက်..."

ပြာယာပလာတာခတ်နေတဲ့ ကျွန်တော့်ကို အမြင်ကပ်ပြီး
ကာယကံရှင်တစ်ယောက် သူ့စကားသူပြန်ရုတ်သိမ်းချင်စိတ်တွေ ပေါက်မလာဖို့က ဆုတောင်းရသေးတယ်။

* *

"ဘာလို့... ကျွန်တော့်နောက်ကလိုက်လာတာလဲ..."

"ဘာလဲ... မရဘူးလား..."

ဗုဒ္ဓဟူးနေ့လေးတစ်ရက်မှာ ကိုကို့ကိုပလီပလာကပ်ချွဲဖို့ရာ
ကိုကို့ကို ကျောင်းရှေ့မှာလာစောင့်ပါတယ်။ ကျွန်တော်နဲ့အတူ အိမ်ကအထွက်ကတည်းကပါလာပြီး ကျွန်တော်ရပ်တဲ့ နေရာနောက်မှာ ခပ်တည်တည်နဲ့ထိုးရပ်လာတဲ့ ဆိုင်ကယ်တစ်စီးကြောင့် စိတ်ထဲ လီမွန်ပင်လေးက ပေါက်ချင်လာတယ်။

Heartless December❄️ ZG version Onde histórias criam vida. Descubra agora