A letter to L Khun ❄️

13 2 0
                                    

တစ်စုံတစ်ခွန်းသို့/

Check the calendar!
Today is your 21 September!
Happy Birthday ပါ ခွေးပေါက်လေးရဲ့ကိုကိုရေ...။
HDverse ရဲ့အချိန်လည်ပတ်မှုက ဒီဘက်နဲ့မဆိုင်တာမို့ ဘယ်နှစ်နှစ်ပြည့်ဆိုတာထည့်မတွက်ဘဲ celebrate လုပ်ရမယ့် special day အတွက် ပေးစာရေးလိုက်ပါတယ်။

(It's a စာအရှည်ကြီး but please don't throw this to the bin. I WILL cry! And uh... hope you don't cringe away while reading. Bare with me~)

L ခွန်းလို့ပြောလိုက်ရင် ‌ပြောပြစရာတွေ တောင်လိုပုံနေပေမယ့် ဘယ်ကစပြောရမှန်းမသိလို့ ထောပတ်သီးအရမ်းကြိုက်တဲ့ အကြောင်းကပဲစရမလား။ အကြည်ရောင်မျက်မှန်ဘေးကိုင်းလေးကို လက်နှစ်ချောင်းနဲ့ ပင့်ပင့်တင်တတ်တဲ့အကြောင်းလား။ တစ်ဆောင်းလုံး ဆွယ်တာလေးတွေချည်းပဲ နှစ်နှစ်ခြိုက်ခြိုက်ဝတ်တတ်တဲ့ အကြောင်းလား။ စာသင်ရတာကို သိပ်သဘောကျတဲ့အကြောင်းလား။ စာဖတ်ရင် မျက်တောင်ခတ်ဖို့ မေ့နေတတ်တဲ့အကြောင်းလား။ အလုပ်ချိုးနဲ့စာကြမ်းပိုး နှစ်မျိုးပေါင်းဘွဲ့ကို ရထားတဲ့အကြောင်းလား။ ရှက်လာရင် ပုံမှန်ထက်ပိုပိုသာသာ ဂရုမစိုက်ချင်ယောင်ဆောင်ပြီး လိမ်ပြောတော့မယ်ဆို မျက်တောင်မြန်မြန်ခတ်တတ်တဲ့အကြောင်းလား။ ဘာတဲ့ဆို စာအုပ်ကြီးလိုမျိုး စည်းမျဉ်းစည်းကမ်းနဲ့ အခြေခံအပြုအမူတွေ ရွတ်ပြတတ်တဲ့အကြောင်းလား။ အမြဲလိုလို ပခုံးဆန့်၊ ခါးမတ်နေတဲ့ posture မျိုးရှိပြီး အဲ့ဒီခြေတံရှည်တွေနဲ့ လမ်းမြန်မြန်လျှောက်ရင် တအားစတိုင်လ်ကျတဲ့အကြောင်းလား။ စကားတစ်ခွန်းကနေနှစ်ခွန်း အပိုပြောရမှာ ၀န်လေးပေမယ့် လိုအပ်လာရင် ရထားတဲ့မြန်မာစာဂုဏ်ထူးကို သက်သေပြတတ်တဲ့အကြောင်းလား။ ခံစားချက်မရှိသလိုနေပေမယ့် တိတ်တခိုးအနုပညာဆန်တတ်တဲ့အကြောင်းလား။ အိပ်ပျော်နေချိန်ဆို ကလေးလေးလို အပြစ်ကင်းတဲ့အကြောင်းလား။  အမြဲ ဘူးတစ်လုံး ဆောင်နေတတ်ပေမယ့် Spy REd တစ်လုံးနဲ့လည်း mystery box ပွင့်သွားတတ်တဲ့အကြောင်းလား။

တွေ့လား အဲ့သမှာ...။ "ဘယ်ကစရမှန်းမသိဘူး" ဆိုပြီး စလိုက်သမျှစကားတိုင်းက အဆုံးကို ရှာမတွေ့နိုင်တော့တာချည်း။ ရေခဲတုံးကိုကိုအဓိကပါဝင်တဲ့ဒီဇာတ်လမ်းမှာက များများစားစားတော့ မှတ်သားစရာမပါပေမယ့် ရေခဲတုံးကိုကို့အကြောင်း မှတ်ထားချင်စရာလေးတွေကတော့ မကုန်နိုင်မခန်းနိုင်ရှိနေပြန်ရော။ တစ်ဇာတ်လမ်းလုံးက ဇာတ်ကွက်အလှည့်အပြောင်း၊ ဇာတ်‌ကောင်အဝင်အထွက်ထက်စာရင် အဲ့ဒီဟိုဟိုဒီဒီ သေးသေးမွှားမွှားလေးတွေနဲ့ ပြည့်နေတာတောင် ဖြစ်နိုင်သေးတယ်။ "မှတ်ထားမနေနဲ့" လို့ ပြန်ပြောမှာ သိပါတယ်။ အယ်လ်ခွန်းဆိုတဲ့သူက
ကိုယ့်မွေးနေ့ကိုယ်တောင် ခွေးတစ်ကောင်ပြောပြမှ သတိရတဲ့သူကိုး။

Heartless December❄️ ZG version Where stories live. Discover now