အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်

38 5 3
                                    

❄️❄️❄️

'လကုန်တော့မယ်' 'လကုန်တော့မယ်' ဆိုတဲ့အတွေးက ကျွန်တော့်ခေါင်းထဲမှာ ရွာဆော်ခွေးလိုပတ်ပြေးနေတယ်။ ကုန်တော့မယ့်လက ၁၂ လပိုင်းဖြစ်နေတာမို့ ပိုဆိုးတယ်။
တစ်နှစ်ကုန်တော့မယ့်အချိန် လူတွေဘာလုပ်တတ်ကြလဲ။
တစ်နှစ်တာအတွင်း achievements တွေကို ပြန်စစ်၊ အမှန်ခြစ်တတ်ကြလား။ ဒါမှမဟုတ် စောင်ပုံထဲကို ကြောင်လိုပဲ တိုးဝင်ပြီးခွေနေတတ်ကြလား။ ကျွန်တော်ကတော့ အဲ့ဒါတွေမဟုတ်ဘဲ ကိစ္စတစ်ခုနဲ့ပက်သက်ပြီး စိတ်ပူနေရတယ်။

ဆောင်းရာသီဟာ နေ့တာတိုတဲ့အလျောက် သတိမထားမိခင်ဘဲ တစ်နေ့ကုန်သွားတတ်တယ်။ နေ့ ၁၂ နာရီကျော်ပြီဆိုတာနဲ့ နာရီလက်တံက တောင်စောင်းပေါ်ကလျှောကျလာတဲ့ တုတ်ချောင်းအတိုင်း။ ညတာရှည်တာကတော့ ဘယ်သောအခါမှ သန်းခေါင်မကျော်တဲ့ ကျွန်တော့်အတွက် ပြဿနာမဟုတ်ပေမယ့် ရိုးရိုးရှင်းရှင်းအိပ်တဲ့ကိစ္စကိုတောင် ပုံမှန်အတိုင်း မလုပ်နိုင်တဲ့သူတွေအတွက်တော့ ဆောင်းညတွေက တယ်ရှည်လျားသလို ခံစားရမှာပဲ။

ဘယ်သူဘယ်လိုခံစားပါစေလေ။ အဓိကကအဲ့အထဲ ကိုကိုမပါဖို့ အရေးကြီးတာ။ မဟုတ်ရင် ကျွန်တော့်ကိုအဖြေပေးဖို့ ပြန်စဉ်းစားနေတဲ့ကိစ္စကို ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ဘူး‌မလား။

ကျွန်တော်က ကိုယ်ချင်းစာတရားလက်ကိုင်ထားပြီး အားအားယားယားနဲ့ သူများအရေးစိတ်ပူပေးနေတာလို့ ထင်နေခဲ့တာဆိုရင်တော့ စိတ်မရှိပါနဲ့။ ဦးနှောက်ခန်းထဲမှာ ၉၉ ရာခိုင်နှုန်းက ကိုကို၊ ကျန်တဲ့ ၁ ရာခိုင်နှုန်းက ကိုကိုလုပ်ပေးတဲ့ အချိုမုန့်တွေအကြောင်းပဲရှိတာမို့။

"မင်းဝလာတာလား ခန့်ငယ်..."

"ဗျာ..."

သူလုပ်ထားတဲ့မိုင်လိုကွတ်ကီးကို ဘူးထဲကနှိုက်၊ တထောက်ထောက်ကိုက်ပြီး သူ့အိမ်မှာအခန့်သား TV ထိုင်ကြည့်နေတုန်း ရုတ်တရက်ကြီး အဲ့လိုအမေးခံလိုက်ရတာ။

"ဒီအတိုင်း မနှစ်ကထက်စာရင် နည်းနည်းပိုပြီးထွားလာသလားလို့... မျက်နှာလည်း ပြည့်နေပြီးတော့... ပါးတွေဖောင်း..."

Heartless December❄️ ZG version Where stories live. Discover now