အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ

6 2 0
                                    

❄️❄️❄️

အဲ့ဒီနောက်ရက်... ခါတိုင်းလိုပဲ သင်တန်းစောစောပြီးတဲ့ ညနေခင်းတစ်ခုပေါ့။  ကိုကိုတို့ကျောင်းပေါက်မှာ လာစောင့်နေတုန်း Scoopy အနက်လေးနဲ့ ကျောင်းထဲကထွက်လာတဲ့ပုံရိပ်လေးက  ကျွန်တော့်ကိုမြင်တော့ ခါတိုင်းလို မျက်မှောင်ကျုံ့ကြည့်ပြီး ရှောင်မသွားဘဲနဲ့ ရှေ့မှာလာရပ်တယ်။

"လိုက်ခဲ့..."

"..."

ကျွန်တော်ပြုံးပြပြီးနှုတ်ဆက်မလို့ပြင်နေတုန်းမှာ အဲ့လိုထပြောလို့ သူ့ဆိုင်ကယ်နဲ့ကျွန်တော်စက်ဘီးကို ဂိတ်မှာခဏအပ်ခဲ့ပြီး ကျွန်တော့်ကိုလက်ကောက်ဝတ်က ဆွဲခေါ်သွားလိမ့်မယ်လို့ ပိစိလေးတောင် ထင်မထားဘူးရယ်။

အဓိပတိလမ်းဘေးပလက်ဖောင်းမှာ ကိုကိုကရှေ့က ကျွန်တော်ကနောက်က။ အဲ့အတိုင်း လျှောက်သွားရင်း RC အဆောက်အအုံရှေ့ထိ တန်းတန်းမတ်မတ်။ ကျွန်တော့်မှာ တစ်လျှောက်လုံး ဘာစကားမှမပြောနိုင်ဘဲ လမ်းလျှောက်မြန်တဲ့ ကိုကို့ရဲ့ခြေတံရှည်တွေကို လိုက်မီအောင်ခြေလှမ်းရင်း နောက်ကနေ ကသုတ်သရုတ်နဲ့ပါလာခဲ့ရပါရဲ့။

လမ်းကူးခါနီးမှာ ကျွန်တော့်လက်ကိုဆုပ်ကိုင်ထားတဲ့ လက်ချောင်းတွေရဲ့တင်းကြပ်မှုက အားအနည်းငယ်ပိုလာသယောင်။

ဘာလဲ...။ ခင်ဗျားက ကျွန်တော့်ကို မတ်တပ်ပြေးကလေးလေးများ မှတ်နေသလား...။

ဒီလထဲ ကံဇာတာလေးမဆိုစလောက်ကျလို့ ခဏခဏ အကွဲကွဲအပြဲပြဲဖြစ်လာပေမယ့် လမ်းတော့ ကူးတတ်ပါသေးတယ်နော်။

သူများဆိုရင်တော့ အထွန့်တက်မိအုံးမှာပဲ ဒါပေမယ့်...
ဒါပေမယ့် ဒီလူကြီးနဲ့ကျတော့ ဒီအတိုင်းလေးက မဆိုးဘူးဗျ။
အဟွန်း... နေပါစေတော့။ အဖြစ်ခံလိုက်မယ် မတ်တပ်ပြေးကလေး...။

အဲ့ဒီပုံစံအတိုင်းပေါ့လေ။ RC အပေါ်ထပ်ထိရောက်လာပြီး ဆိုင်တစ်ဆိုင်ထဲ ဝင်သွားတဲ့အထိ။

ကောင်တာက အန်တီကြီးတစ်ယောက်က ကိုကို့ကိုတွေ့တော့ မျက်မှန်းတန်းမိသွားတဲ့ပုံစံနဲ့ လှမ်းနှုတ်ဆက်လေရဲ့။

"မလာတာတောင်ကြာပြီ...
ဘာသောက်မလဲ ကောင်လေး... ထုံးစံအတိုင်း..."

Heartless December❄️ ZG version Where stories live. Discover now