အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ

22 2 0
                                    

❄️❄️❄️

နောက်တစ်ရက်မနက်အစောကြီးထပြီး ကျွန်တော် ဒီနေရာကို ရောက်လာခဲ့ပြန်တယ်။ အစ်ကို့အခန်းတံခါးကိုခေါက်တာ ဘယ်လိုမှ ဖွင့်မပေးတာနဲ့ ဖုန်းဆက်လိုက်တော့...။

"မင်းရောက်နေတာလား... ငါဒီဘက်ခန်းမှာဟ... ဝှါး...
မနေ့ညက အယ်လ်ခွန်း ဆေးရုံတင်လိုက်ရလို့... တစ်ညလုံးကြည့်ပေးနေရတာ... တံခါးလော့ချမထားဘူး... ဝင်ခဲ့..."

အဲ့သလိုနဲ့ ကျွန်တော် ချက်ချင်းအပြေးရောက်သွားတာပေါ့။

"အမှန်တော့ သူမနေ့မနက်ကတည်းက ဖျားနေတာလေ...
ဆေးသောက်ပြီး အိပ်လိုက်ရင်ရတယ်ဆိုလို့ ကျောင်းမှာ ခွင့်တင်ပေးပြီး ပြန်ရောက်ခါစက တစ်ခါဝင်ကြည့်ပေးထားတာ... အဲ့တုန်းက သူအိပ်ပျော်နေတာနဲ့ ငါလည်းအခန်းပြန်ပြီး ကိုယ်လုပ်စရာရှိတာလုပ်နေလိုက်တာပဲ... မင်းဖုန်းဆက်တဲ့အချိန် ငါသွားကြည့်တော့ သူကအဖျားတွေကြီးပြီး ကြမ်းပြင်ပေါ်မှာ သတိလစ်နေပြီ... မင်းပြောတာ မှန်တယ်ကွ၊ ငိုထားတာ မျက်လုံးတွေကို မို့အစ်နေတာပဲ..."

"အခုရော... ဘယ်လိုနေသေးလဲ..."

"အခုတော့ အဖျားကျသွားပြီ... ညက Drip နှစ်အိတ် ချိတ်လိုက်ရတယ်... ဆေးရုံကပြန်လာပြီး
တစ်ညလုံးလည်း အဖျားတက်နေတာ၊ မိုးမလင်းခင်လေးကမှ
အိပ်ပျော်သွားတယ်၊ ဒါနဲ့ နေပါအုံး... မင်းကဘယ်လိုလုပ်သိပြီး ဖုန်းဆက်တာလဲ.."

ကျွန်တော် အစ်ကို့ကို အကြောင်းစုံရှင်းပြလိုက်ရတယ်။
အဲ့အခါမှ ခေါင်းတငြိမ့်ငြိမ့်၊ သက်ပြင်းတချချနဲ့ နားထောင်ရင်း...။

"ဒါကြောင့်မို့ နှုတ်ခမ်းတွေလည်းပေါက်နေပြီး...
သူ့လည်ပင်းမှာ ကိုက်ရာရှိနေတာကိုး... ဟိုတစ်ယောက်ကလည်း သူနေမကောင်းမှန်း မသိလောက်ဘူး၊ အယ်လ်ခွန်းက သည်းခံနေလို့သာ ငါဖြင့် အဲ့ကောင်ကို ကြည့်မရတာကြာပြီ... အစကတည်းက သူလုပ်ချင်ရာလုပ်တတ်ပေမယ့် ကျောင်းပြီးလို့ ကုမ္ပဏီစ၀င်တော့ အချိုးကအတော်ပြောင်းသွားတာ..."

ဆွယ်တာအဖြူလေးနဲ့ ကုတင်ပေါ်မှာ ဖြူဖျော့ဖျော့လေး လှဲလျောင်းနေသူကို ကြည့်လိုက်တော့ သူ့ရဲ့သိပ်လှတဲ့ မျက်ဝန်းနက်တွေကိုမပြဘဲ မျက်လွှာတွေယှက်ပိတ်လို့...။

Heartless December❄️ ZG version Where stories live. Discover now