နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ

27 2 2
                                    


Hewwo! It's Novella again (⁠ ⁠◜⁠‿⁠◝⁠ ⁠)⁠♡
ကျေးဇူးတင်လွှာရေးမယ်ဆိုပြီး ဘယ်ကစရေးရမှန်းမသိတာမို့ ပထမဆုံး "ရှာတွေ့ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်" ဆိုတာကနေ စလိုက်ပါ့မယ်။ နည်းနည်းတော့ စကားရှည်မိမယ်ထင်တယ်။ ပြောပြီးသား ဖန်တစ်တရာ‌တေတွေထပ်ပါလာရင်လည်း စိတ်မရှိပါနဲ့။

2022 December တုန်းက HD ကို wp မှာ စ publish ခဲ့ပေမယ့် တကယ်တမ်း‌စရေးခဲ့တာက 2020 December ပါ။ လူမသိသူမသိ ကဗျာလေးတွေရေးတင်တဲ့ fb acc အဟောင်းလေးမှာ loyal reader သူငယ်ချင်းအားကိုးနဲ့ HD journey ကို အစပြုခဲ့တာပေါ့။ December 31 အမှီ ၈ ပိုင်း ဆက်တိုက်တင်မယ်လုပ်ရင်း နှစ်ကူးသွားခဲ့လို့ started date ကိုတော့ 1/Jan/2021 အဖြစ်ယူလိုက်ရတယ်။ ထုံးစံအတိုင်း အစကတော့ 16 ပိုင်းလောက်နဲ့ပြီးမယ့် short fic လေးပါဆိုပြီး ကိုယ့်ကိုယ်ကိုယ်လှည့်စားခဲ့တာပေါ့လေ။
(အရင် author talk တွေမှာ ပြောဖူးပြီးသားပါ။ I'm a big liar ~)

ဆိုတော့ကာ HD ၉၉ပိုင်း( + short extras and side stories) ကို wp မှာ ၇ လနဲ့ complete ထိတင်နိုင်ခဲ့ပေမယ့် တကယ်တမ်းရေးတာ နှစ်နှစ်ခွဲကြာခဲ့တယ်ပေါ့။ Life crisis တွေကြား copium ယူဖို့ fic ရေးနေတုန်း စိတ်မမှန်တဲ့ကျွန်တော့်ကို ပြဿနာတွေကတကူးတကလာရှာနေကြတာမို့
အပြီးသတ်မယ်လုပ်လိုက်၊ "ရက်အကန့်အသတ်မရှိရပ်နား" ဆိုပြီး ဆိုင်းဘုတ်ချိတ်ရမလိုဖြစ်လိုက်၊ one loyal reader fri ကလွဲ ဖတ်မယ့်သူလည်းဘယ်သူမှမရှိတော့ အိပဲ့အိပဲ့နဲ့ပဲ။ သုံးခုမြောက်ဒီဇင်ဘာမှာတော့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒီထက်အချိန်မဆွဲတော့ဘဲ ဒီဇာတ်လမ်းကို platform အသစ်တစ်ခုမှာ publish ပြီး အပြီးသတ်မယ်ပေါ့လေ။ အဲ့လိုမလုပ်လို့မဖြစ်တဲ့ အကြောင်းအရင်းတွေကလည်း ရှိနေတာကိုး။ တစ်ယောက်တည်း တံခါးပိတ်ဖန်တီးနေခဲ့တဲ့မုန့်ချပ်အိမ်လေးကို လူကြားထဲချပြမိတဲ့နောက် positive ဆန်တဲ့ တုံ့ပြန်ချက်တွေရလာတဲ့အတွက် ဆုံးဖြတ်ချက်မှန်သွားတယ်ပြောရမယ်။

ကျွန်တော့် HD က Genre အရ slow burn romance, slice of life, sitcom ဖြစ်ပေမယ့် ပေးတဲ့ vibes က ဝိရောဓိဖြစ်နေတာကို သတိထားမိတဲ့သူတွေလည်းတွေ့ရတယ်။ Title ကြည့်လိုက်တော့ depression ဝင်စရာ၊ ဖတ်ကြည့်မိတော့ comedy type၊ characters တွေကြည့်တော့ personalities တွေက ဇောက်ထိုးနဲ့ပြောင်းပြန်၊ ‌စာရေးသူရဲ့လေသံကြည့်ပြန်တော့ စိတ်ကသိပ်မှန်ပုံမရ။ စိတ်မမှန်လို့ update မှန်မလားကြည့်တော့ ရှိပြီးသားအပိုင်း ၈၀ ကျော်ကို အရုဏ်တက်မှာထထတင်ပြီး တဖြည်းဖြည်းတင်စရာကုန်လာမှ တစ်ပတ်တစ်ခါလေးမနည်းမှီနိုင်အောင် အပိုင်းသစ်တွေကုန်းရေးနဲ့...။ စဖတ်ကတည်းကအပြီးထိ စိတ်ရှည်လက်ရှည် ongoing လိုက်လာကြတဲ့သူတွေကို ဒီနေရာကနေချီးကျူးချင်တာပါပဲ။ ကျွန်တော်သာ reader ဆို ဒီလို ခရုသွား fic မျိုးနဲ့ ကျွန်တော့် ADHD brain က စိတ်ရှည်မှာမဟုတ်ပါဘူး။ စာရေးသူကကိုယ်တိုင်ဖြစ်နေတော့လည်း ကိုယ့်ရထားကိုယ် ဘူတာရောက်တဲ့ထိ မောင်းရတော့တာပေါ့။ Sorry and thank you for your patience, darlings TT

Heartless December❄️ ZG version Where stories live. Discover now