အပိုင်း ၂၉ : stalker ကျွန်တော်

12 2 0
                                    

❄️❄️❄️

အစ်ကိုတော်မန္တလေးမှာမရှိတာက သူ့ကြွက်သိုက်ကို ဝင်ရှင်းမပေးရ၊ ပါးစပ်ပေါက်အရောက် စားတော်မဆက်ရလို့ တစ်ချက်ကောင်းပေမယ့် ဘာတဲ့ဆိုသတင်းနှိုက်လို့ရမယ့် searching machine ကြီး service ပျောက်နေသလိုလိုပဲ လို့တွေးလိုက်တော့ တစ်ချက်မကောင်းပြန်ဘူး။

'မိန်းမဟူဘိ၊ ထိုဣထိကား၊
မရှိမကောင်း၊ ရှိမကောင်း။' လို့ပြောရအောင်လည်း ဟိုကအထီးကြီးဆိုတော့...။

"ဟယ်လို... အစ်ကို အားလား... နည်းနည်းပါးပါး မိနစ်၅၀လောက် ဖုန်းပြောချင်လို့..."

အဲ့သလိုပဲ ဘေလ်အကုန်ခံပြီး ဖုန်းဆက်လို့တစ်မျိုး၊ ကြုံရင်ကြုံသလို  messenger call ကတစ်ဖုံ၊ Chat ရင်းတစ်လီနဲ့ အောင်သွယ်တော် ဖိုးလမင်းဆီ... မဟုတ်ဘူး... လပေါ်ကတွင်းထဲမှာ အိပ်ပျော်နေတဲ့ ကြွက်မင်းသားဆီ ဆက်သွယ်ပြီး ကျွန်တော့်ရဲ့ ကိုကိုအဘိဓာန်ပြုစုရေးမှာ လိုအပ်တာတွေ ပြင်ဆင်ဖြည့်စွက်နေရတာပေါ့။ 

"ဝှါး... call center မှာ အလုပ်ဝင်ထားတာလားဟ...
ဖုန်းလာလို့မကြည့်လိုက်နဲ့ မင်းချည်းပဲ... ငါ့သူငယ်ချင်းတွေတောင် အဲ့လောက်မဆက်ဘူး"

ဘယ်သူငယ်ချင်းက အားအားယားယား သူ့ဆီဆက်မလဲ။
သူတို့ရည်းစားမှမဟုတ်တာ။

"ဖုန်းခေါ်ရင် တစ်ခါနဲ့တန်းကိုင်စမ်းပါဗျာ... အစ်ကိုဖုန်းကိုင်တာစောင့်ရတာ ပဲကြီးဟင်းတစ်အိုးချက်လောက် ကြာတယ်"

"ဝှါး... အဲ့လောက်တောင် မစောင့်နိုင်မပြုနိုင် ငါ့အသံကို ကြားချင်နေတယ်ပေါ့... ငခန့်ရာ မင်းငါ့ကို ဒီလောက်ချစ်မှန်း အခုမှသိရတော့တယ်"

"ဝေါ့..."

"အစာမကြေဘူးလား... အဲ့ဒါကြောင့် ထမင်းစားရင်မြန်မြန်မစားနဲ့လို့ ပြောတာ..."

"အခွက်ပြောင်မနေနဲ့..."

"လင်းတလေး... အစ်ကိုကို အဲ့လိုပဲပြောရလား..."

ဘယ်တော့မှအကြောမတည့်တဲ့ တစ်ဝမ်းကွဲအစ်ကိုက
ကိုယ့် crush ရဲ့ အရင်းနှီးဆုံး၊ အကြောင်းအသိဆုံးသူငယ်ချင်း ဖြစ်နေတာကလည်း သူ့ကိုသည်းခံလို့ ချော့ပြီးအစ်အောက်နေရတာနဲ့တင် 'မချစ်သော်လည်း အောင့်ကာနမ်း' ဆိုတာလို တကယ်မသက်သာချက်ပဲ။

Heartless December❄️ ZG version Where stories live. Discover now