အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ

11 3 0
                                    

❄️❄️❄️

တစ်ရက်က ထုတ်မစီးတာကြာတဲ့ ကျွန်တော့်ဘော်ဒါကလေးနဲ့ ဆေးရုံနားက mart ကို အသီးသွားဝယ်ပြီး ပြန်လာတုန်း လမ်းမှာ တစ်ယောက်ယောက်နဲ့တွေ့တယ်။ ပေပွစုတ်ဖွာနေတဲ့ ကြောင်တစ်ကောင်ကိုပိုက်ပြီး လမ်းလျှောက်လာတဲ့ တစ်ယောက်ယောက်။ စက်ဘီးထိုးရပ်ပြီး မေးငေါ့ပြလိုက်တော့ ဟိုကလည်း ပြန်မေးငေါ့ပြတယ်။

"ဘယ်ကပြန်လာတာတုန်း... လက်ထဲကလည်း ဂုန်နီအိတ်ကြီးနဲ့..."

"ဟေ့ကောင်... ကလေးက မြောင်းထဲကျထားလို့ ပေနေတာကွ၊ မင်းကြီးဒေါ် ဂုန်နီအိတ်လား..."

အဲ့လိုပြန်ဆဲမှာသိလို့ကို သင်းကိုစချင်‌တာ။

"ဘယ်ကပြန်လာတာလဲ... ငါ့မှာလည်း ငါ့ဟာငါလုံးချာလည်နေတာနဲ့ မင်းနဲ့ကို မတွေ့ရတာကြာပြီ"

"အင်း... ငါလည်း မင်းဆီလာမလို့ပဲ... ကလေးတွေက အလှည့်ကျ နေမကောင်းဖြစ်နေကြလို့... ဆေးခန်းသွားလိုက်၊ ဆေးသွားဝယ်လိုက်နဲ့ အခုလည်း ဒီနားလေး ဆေးသွားဝယ်ပြီးပြန်လာတာ လမ်းမှာ ဒီကောင်လေး ခွေးတစ်အုပ်ကြား အနိုင်ကျင့်ခံနေရတာတွေ့လို့..."

ပြောရင်း သူ့လက်ထဲကသတ္တဝါလေးရဲ့ ထောင်နေတဲ့အမွှေးတွေကို လိုက်ပြီးဖိသပ်ပေးနေတယ်။ မြောင်းရေတွေစိုပြီး ညစ်ပတ်နေပေမယ့် အရောင်ညိုညို၊ အမွှေးပွပွ၊ ခပ်၀၀နဲ့ အိမ်မွေးကြောင်ပုံစံပေါက်တယ်။ အထီးလေး...။ တစ်နှစ်ခွဲသာသာလောက်ကို  ကြောင်စာတွေလှိမ့်စားလို့ ၀ပြဲနေတဲ့ အလိုလိုက်ခံ အိမ်တော်သခင်ကြီးရုပ်နဲ့။ ဒီသခင်ကြီးကြည့်ရတာ ပြေးရင်းလွှားရင်း လက်ကျိုးသွားတယ်ထင်ပါတယ်။ ဟိန်းသူရရင်ဘတ်ထဲမှာ လက်တစ်ဖက်ကြွရင်း မိန့်မိန့်ကြီးမှိန်းလို့။ အရင်ဘ၀က မိဘမဲ့ဂေဟာမှူးဖြစ်ခဲ့ပုံရတဲ့တစ်ယောက်ကတော့ သူ့ရည်စားအိမ်မှာရှိတဲ့ ၀မ်းမနာသား ၁၂ကောင်နဲ့တင် လုံးချာရိုက်နေပြီကို ဘယ်လိုစေတနာရှင်လုပ်အုံးမလို့လဲမသိ။

"မင်းဂုန်နီအိတ် အဲ... ကြောင်က ပိုင်ရှင်ရှိလောက်တယ်နော်... အရမ်းကာရော မမွေးစားလိုက်နဲ့အုံး"

"ငါသိပါတယ်... ရေမိုးချိုးသန့်ရှင်းပေး ဆေးထည့်ပေးပြီးရင် လိုင်းပေါ်ပုံတင်ပြီးဖြစ်ဖြစ် ပိုင်ရှင်ရှာပေးရမှာပေါ့... ဒါနဲ့ မင်းရဲ့ ချစ်ရပါသောဆရာလေးရော အခြေအနေကောင်းလာပြီလား..."

Heartless December❄️ ZG version Where stories live. Discover now