❄️❄️❄️
ဆောင်းလေပြည်လေးတွေ တညင်းညင်းတိုက်နေတဲ့တစ်ရက်မှာ ကျွန်တော် ကိုကိုနဲ့ date လုပ်ခွင့်ထပ်ရမလိုဖြစ်ခဲ့တယ်။
ဒီဇင်ဘာ ၁၂ ရက်...။ နေ့ကောင်းလေးပေါ့နော်။ မနက်ခင်းပိုင်းမြူဆိုင်းပေမယ့် အတန်အသင့်နေသာတယ်။ စောစောစီးစီး သစ်ရွက်မီးရှို့တဲ့ မီးခိုးတန်းလေးတွေ ဟိုဟိုဒီဒီကပျံတက်နေတာ မြင်ရပေမယ့် ထူးပြီးပြောမနေတော့ပါဘူး။ ဒီဇင်ဘာပဲလေ။
ကျွန်တော် စောစောစီးစီး သူ့အိမ်ရှေ့ရောက်ချလာတော့ တံခါးကပိတ်ထားတယ်။ စာသင်ချိန်ရှိလို့နေမယ် ကိစ္စမရှိပါဘူးဆိုပြီး စောင့်လိုက်တာ မနက် ၉ နာရီနေက မျက်နှာကို လာရိုက်တဲ့အထိပဲ။ စက်ဘီးစီးသွားရင်း ၀င်လာတာဆိုတော့ လှမ်းဆက်ရအောင် ဖုန်းကလည်း ပါမလာဘူး။ တယ်လီပသီကလည်း 'အခုထက်ထိတော့' မသုံးတတ်သေး။ သုံးလို့ရနေခဲ့ရင်တောင် ကျွန်တော်လွှတ်လိုက်တဲ့ အတွေးတွေကို တစ်ဖက်က spam ဆိုပြီး ဆိုင်းဘုတ်ထောင်တာနဲ့ပဲ စားပွဲတင်တင်းနစ်လို ပြန်ခုန်ထွက်သွားရမှာ မြင်ယောင်နေတယ်။ အဲ့အတိုင်း ထိုင်ငိုက်လိုက်၊ ဂျက်ကတ်အိတ်ထောင်ထဲပါလာတဲ့ ကော်ဖီချိုချဉ်လေးငုံပြီး မျက်ဆံကလေးဟိုဒီလှည့်လိုက်နဲ့
အခန်းရှေ့ ငုပ်တုပ်ထိုင်နေတာ ၂ နာရီလောက်ရှိသွားတော့ တစ်ခုခုကို အလေးအနက် ခက်ခက်ခဲခဲစဉ်းစားပြီး ဆုံးဖြတ်လိုက်တယ်။ ဒီအချိန်ပဲ။ ဖုတ်ဖတ်ခါ မတ်တပ်ထရပ်လို့ လိုက်လာတာတစ်နှစ်ကြာမှ ခက်ခက်ခဲခဲ ချီးမြှင့်ခံထားရတဲ့ အိပ်ကပ်ထဲက သော့အပိုကို ထုတ်လိုက်တယ်။သော့ဖွင့်ဖို့လုပ်လိုက်တုန်းလေးမှာပဲ ပခုံးပေါ်ကိုကျလာတဲ့ လက်ဖဝါးတစ်ဖက်။
"လိမ္မာနေလိုက်တာ..."
"..."
"မင်းက သော့ကို ကြာကြာသိမ်းမထားချင်ဘူးထင်တယ်"
ပြင်လက်စလက်ကလေးကို ပြန်ရုတ်လိုက်ရင်း နောက်ကရောက်နေတဲ့သူကို ရိုးရိုးသားသားလှည့်ကြည့်လိုက်တယ်။
"လော့ဂျစ်ကျကျပြောရရင် ကျွန်တော် မဖွင့်ရသေးဘူး ကိုကို..."
"ဖွင့်ဖို့ကြိုးစားနေတာလေ..."
"ဟုတ်တယ်... အမှုကျူးလွန်ဖို့ ကြိုးစားနေတယ်ဆိုတာ official အမှူမမြောက်သေးဘူးလို့ ဆိုတဲ့သဘောပဲဆိုတော့ ကျွန်တော် အပြစ်ကင်းပါတယ်"
YOU ARE READING
Heartless December❄️ ZG version
RomanceHD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အလွဲများနဲ့တစ်နှစ်တာကို ဆောင...