Happy New Year!! 🎊

3 0 0
                                    


Hi darlings! It's Novella.
2023 က လှစ်ခနဲကုန်သွားတာ သတိထားမိကြလား။ မနှစ်က ဒီဇင်ဘာ ၃၁ မှာ Novella တစ်ယောက် reader တွေနဲ့ ဆက်သွယ်ဖို့ fb acc သစ်ဖွင့်ပြီး မိတ်ဆက်စာလေးရေးနေခဲ့တာ တကယ်မနေ့တစ်နေ့ကလိုပဲ။ နှစ်ကုန်တာအရမ်းမြန်ပေမယ့် နှစ်ကူးချိန်မှာ မုန့်ချပ်အိမ်ထဲထိုင်ရင်း ကိုယ့်ကိုယ်ကိုယ် နွေးထွေးအောင်လုပ်ရင်း စကားနည်းနည်းပြောကြမယ်လေ။ ချောကလက်နို့နဲ့ ကွတ်ကီးတွေရှိရင်တော့ အကောင်းဆုံးပေါ့ဗျာ။

တစ်နှစ်လုံး အတက်အကျတွေကြားက စာတွေလည်း အများကြီးရေးနိုင်ခဲ့တယ်။ HD အိမ်ကို complete ဖြစ်အောင် ဆောက်နိုင်ခဲ့တယ်။ အကြာကြီးပစ်ထားခဲ့ရတဲ့ L.A.S.T ကို ပြန်ကိုင်နိုင်ခဲ့တယ်။ Writing challenge join ပြီး short story, short fiction လေးတွေ အများကြီးရေးနိုင်ခဲ့တယ်။ တစ်ချို့တစ်ဝက်ကို ဒီမှာလည်း လာတင်နိုင်ခဲ့တယ်။ ကဗျာတွေရေး၊ ကဗျာလက်ဆောင်တွေလည်း ပေးနိုင်ခဲ့တယ်။ ဝါသနာပါတာတွေလည်း နည်းနည်းစီလုပ်နိုင်ခဲ့တယ်။ ချစ်စရာကောင်းတဲ့ စာဖတ်သူတွေ၊ လူကောင်းတွေနဲ့လည်း တွေ့ခဲ့ရတယ်။ (You can write your achievements in the cmt section, too. Let's celebrate the little things we did throughout 2023.)

ဘာပဲပြောပြော 2023 က ပိုကောင်းတဲ့နေရာတွေဆီ သွယ်ထားပေးတဲ့ တံတားတစ်စင်းလိုပါပဲ။ သိပ်ဖြောင့်ဖြူး‌နေတာတော့မဟုတ်ပေမယ့်
ခဏခဏလဲကျပါစေ ပြန်ထပြီး ခြေလှမ်းမှန်မှန်ဆက်လှမ်းနိုင်သရွေ့ လျှောက်ရတာတန်တဲ့ ခရီးတစ်ခုဖြစ်လာတာပဲမလား။ 2024 ကလည်း ဒီထက်ပိုကောင်းတဲ့ တံတားတစ်စင်းဖြစ်လာဦးမှာ။ အဲ့တော့ ရှေ့မှာဘာရှိရှိ ရင်ဆိုင်မယ်ဆိုတဲ့စိတ်နဲ့ ယုံကြည်ချက်ကို တစ်ဝသောက်ပြီး အတူဆက်လျှောက်ကြတာပေါ့။ (I'm sounding like a motivational speaker again which is strange for me but it's new year. We have to stay positive to attract positive things, right? And of course we haveta let go of the negative things and come clean so that we can welcome the new year with refreshed mindsets.)

နှစ်သစ် plan ဘာတွေရှိကြလဲ။ ကျွန်တော်ကတော့ အများကြီးပဲ။ အကုန်လုပ်နိုင်မယ်မလုပ်နိုင်ဘူးကိုနောက်ထား လုပ်ဖြစ်ဖို့ရာက စိတ်ကူးအရင်ရှိရမယ်မလား။ ပြီးမှ light, camera, action ပေါ့။

ကျွန်တော်အစက ဒီဇင်ဘာလမှာ Extra တစ်ပိုင်း Special တစ်ပိုင်း သေချာရေးပေးမယ်လို့ တွေးထားတာပါ။ ဒါပေမယ့် မအားတာကြောင့်ရော ကြားထဲမှာဖြစ်ပျက်သွားတဲ့ အကြောင်းကိစ္စအမျိုးမျိုးကြောင့်ရော နှစ်မကုန်ခင် မပြီးစီးဘူးဖြစ်သွားတယ်။ သိတဲ့သူသိမှာပါ။ အများကြီးမပြောချင်ပါဘူး။ Time will tell. 2024 မှာ ပိုကောင်းတဲ့အရာတွေ ပစ်ချပေးနိုင်ဖို့ပဲ ဆက်ကြိုးစားပါမယ်။ I'm a pro procrastinator but I always keep my promises.

And Guess what...
နိုဗယ်လာတစ်ယောက် အလုပ်ရပါပြီ
*any emoji that shows celebration*။ 💿M ပြီး ဂျပန်စာသင်ရင်း ဝင်ငွေမရဘဲ ဝါသနာအရ အလုပ်အစုံလုပ်နေရာက official အလုပ်ရပြီဆိုတော့ sleep schedule လည်း ပုံမှန်ပြန်ဖြစ်တော့မှာပါ (မဖြစ်လို့လည်း မရတော့ဘူးလေ)။ အလုပ်ချိန်တွေနဲ့ ကိုယ်ပိုင်စာလေ့လာချိန်တွေ၊ ကျောင်းလျှောက်မယ့် ကိစ္စတွေအပြင် ဂီတာတီးလည်း ပိုကျွမ်းကျင်အောင် practise 40 hrs ချင်တာမို့ 2024 က ကျွန်တော့်အတွက် တအားအလုပ်ရှုပ်တဲ့နှစ်ဖြစ်လိမ့်မယ်။ ဒါပေမယ့် သိတဲ့အတိုင်း စာမရေးဘဲမနေနိုင်တဲ့သူမို့ စာရေးဖို့အချိန်ကိုလည်း သေချာပေါက်ဖန်တီးပြီး စာဖတ်သူတွေနဲ့ အဆက်မပြတ်အောင် နေမှာပါ။ Update တွေကြာရင် ခါတိုင်းလို စိတ်ရှည်ပေးမယ်လို့ မျှော်လင့်ပါတယ်။

နှစ်သစ်လက်ဆောင် + မွေးနေ့အကြိုလက်ဆောင် surprise gift ပို့ပေးလိုက်တဲ့ reader san ကိုလည်း တကယ်ကျေးဇူးတင်ပါတယ်ဗျ။ ဖတ်ချင်နေတဲ့စာအုပ်တွေ မှာလိုက်ပါတယ်။ ဆုတောင်းပေးတဲ့အတိုင်း ပိုပျော်ရွှင်အောင်လည်း နေပါမယ်။ နှစ်သစ်မှာ ပိုကောင်းတဲ့စာတွေကဗျာတွေ ချပြနိုင်ဖို့၊ ပိုကာင်းတဲ့စာရေးသူ၊ ပိုကောင်းတဲ့လူ ဖြစ်လာဖို့လည်း အကောင်းဆုံးကြိုးစားပါမယ်။ အဓိကကတော့ ပိုပျော်ရွှင်ဖို့ပေါ့။

ဒီနှစ်တစ်နှစ်စာလုံး စာဖတ်သူတွေကို spell မှုတ်ပြီးချုပ်ထားခဲ့သလို နောက်နှစ်မှာလည်း ပိုစွမ်းတဲ့ spell တွေ ပြင်ထားတာမို့ တစ်ခါမိပြီးတဲ့သူကတော့ spellbound ဆက်ဖြစ်နေမှာပါ။
You know I'm the bad sorcerer. I won't let you break my spell in anyway. (jkjk ig you already know my unhinged accent so just give it a wink)

I'm just here to say that I'm very greatful to have an audience who are very patient, very chill and well mannered, who appreciate my works and also care about me, who love and accept me as I am. You guys are so sweet and amazing. And I'm sure that my darlings will be 24x amazing in 2024 as well!

Happy New Year, everyone! 💖 May 2024 bring you everything you've ever been dreaming!
No, I'm 240% sure that it will!! Let's go and get it all cuz we deserve it.

Your motivational speaker (for this day only)
Novella✒️

Heartless December❄️ ZG version Where stories live. Discover now