❄️❄️❄️
ဖူးစာပါလာတဲ့လူနှစ်ယောက်ဟာ ဘယ်လိုအနှောက်အယှက်ပဲရှိရှိ သေချာပေါက် ပေါင်းဖက်ကြရတယ်။ ဘယ်လောက်ပဲ ဝေးကွာသွားပါစေ သေချာပေါက်ပြန်ဆုံစည်းကြရတယ်။ နှစ်ဦးစလုံးရဲ့လက်သန်းမှာ ချည်ထားတာက မမြင်ရတဲ့ကြိုးနီလေးတစ်ချောင်းရယ်။ အဲ့ဒါကပဲ အခိုင်မြဲဆုံးချည်နှောင်မှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကြားဖူးတဲ့ အယူအဆတစ်ခုပေါ့။
ကြိုးနီလေးတွေက လက်သန်းမှာပဲချည်တယ်လို့ ဘယ်သူပြောလဲ။ ကျွန်တော့်အတွက်တော့ လည်ပင်းမှာလာချည်ခဲ့တာ။ ပြီးတော့ အဲ့ဒီကြိုးက ရိုးရိုးကြိုးမဟုတ်ဘဲ လည်ပတ်ကြိုးလေ။
"ကိုကို ကျွန်တော်တို့ လမ်းလျှောက်ထွက်ရအောင်..."
"မင်းဒီနေ့ အရမ်းတက်ကြွနေပါလား ခန့်ငယ်...
မနက်အစောကြီး တံခါးလာထုနေတယ်""ဟဲဟဲ... ဒီနေ့က အပြည်ပြည်ဆိုင်ရာဗုဒ္ဓဟူးနေ့လေ...
ခါတိုင်းထက် ပိုပြီးအားပြည့်လန်းဆန်းနေသလို ခံစားရတယ်၊ ကိုကိုမြန်မြန်လုပ်ပြီးထွက်ခဲ့...""အင်း၊ ခဏစောင့်..."
ကိုကို ဩစတြေးလျကိုမသွားခင်က ဆောင်းနှောင်းရက်လေးတွေမှာ ကျွန်တော်တို့နေ့တိုင်း လမ်းလျှောက်ထွက်ဖြစ်ခဲ့ကြတယ်။ ချစ်သူဖြစ်ပြီးကာစမို့ လက်ကလေးဘာလေးတွဲရင်း ဘေးလူအမြင်ကပ်အောင် ကြည်နူးပူးကပ်လို့သွားကြမယ့်ပုံစံမျိုးကို မြင်ယောင်နေရင် အခုပဲ စိတ်ကူးထဲကနေ ယပ်ခပ်ထုတ်လိုက်ပါ။ (L.K)² ရဲ့ လမ်းလျှောက်ထွက်ပုံက လည်ပတ်ကြိုးအနီပတ်ထားတဲ့ မြောက်ကြွကြွခွေးတစ်ကောင်ရယ်၊ မာဖလာအဖြူဆွယ်တာအဖြူနဲ့ နောက်ကပါလာတဲ့သခင်ဖြစ်သူရယ်။ အဲ့ဒီထက် ဘာမှမပိုဘူး။
အခေါက်တိုင်း ကျွန်တော်က ရှေ့ကနေဦးဆောင်သွားနိုင်ဖို့ ကြိုးစားပေမယ့် ကိုကိုကလမ်းလျှောက်အရမ်းမြန်တဲ့သူမို့ ခဏချင်း ကျွန်တော့်ကိုလိုက်မီတယ်။ ပြီးရင် ကျွန်တော်ငေးနေတုန်း ချန်ထားခဲ့ပြီး ဆက်လျှောက်သွားရော...။
"ကိုကို!! ကျွန်တော့်ကိုစောင့်ဦးလေ!!"
"မြန်မြန်လာ... မင်းက အရမ်းနှေးတယ်"
YOU ARE READING
Heartless December❄️ ZG version
RomanceHD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အလွဲများနဲ့တစ်နှစ်တာကို ဆောင...