❄️❄️❄️
ဒီဇင်ဘာ ၁ ရက်...။
ဖုန်းဖွင့်ဖွင့်ချင်းမြင်ရတဲ့ ရက်စွဲကို ကျွန်တော် ခဏငေးနေမိတယ်။ ဘာလိုလိုနဲ့ ဒီဇင်ဘာတောင် ရောက်ပြီတဲ့လား။ မနက် ၈ နာရီထိ
ပိတ်ထားတဲ့ ပြတင်းပေါက်အပြင်က မြင်ကွင်းတွေမှာ မှုန်ဝါးဝါး အရိပ်မြူတွေ နေရာယူထားတာ တွေ့ရတယ်။ ဒီအချိန်ထိ ဘာလို့ ပြတင်းပေါက်မဖွင့်သေးတာလဲဆိုတော့... အင်း... ဒီနေ့က ကိုကို ဆေးရုံဆင်းရတော့မယ့်နေ့ မို့လို့ပါ။ပုံမှန်လှုပ်ရှားမှုတွေ အရင်လို ပြန်လုပ်နိုင်ဖို့ တစ်ပတ်ကျော် နှစ်ပတ်လောက် လေ့ကျင့်လိုက်ရပြီးတဲ့နောက် ပြန်စစ်ဆေးထားတဲ့ physical check up result တွေလည်း ကောင်းတာကြောင့် ဒီဇင်ဘာလထဲ ကူးကူးချင်းပဲ ဆေးရုံဆင်းခွင့်ရခဲ့တယ်။
ဆေးရုံခန်းလေးထဲမှာ ကျွန်တော်ရယ် ကိုကိုရယ်။ ကျွန်တော်က သိမ်းစရာရှိတာတွေ သိမ်းပြီး ဒီနေ့အပူချိန်သိချင်လို့ weather ကြည့်ဖို့ ဖုန်းဖွင့်နေတာ။ ကိုကိုကတော့ ကျွန်တော်ယူလာပေးတဲ့ အ၀တ်အစားတွေ ပြောင်းဝတ်ပြီးလို့ ကုတင်ဟိုဘက်ဘေးမှာရပ်ပြီး ဆွယ်တာအင်္ကျီလေး ထပ်ဝတ်နေတယ်။
"ကိုကို... ဒီနေ့ မနေ့ကထက် ၄ ဒီဂရီကျသွားတယ်"
"အင်း..."
"ကိုကို အဲ့ဒီတစ်ထည်တည်းနဲ့ နွေးရဲ့လား..."
"မင်းသုံးထည်လောက် ယူလာတာမလား... ကျေးဇူး...
နောက်တစ်ထည် ထပ်ဝတ်လိုက်မယ်""မဟုတ်ဘူး..."
လက်ထဲကဖုန်းကို စားပွဲပေါ်တင်ခဲ့ပြီး သူ့အနားသွားရပ်လိုက်တော့ အနွေးထည်နောက်တစ်ထပ်ကို မြန်မြန်ဆန်ဆန်ဝတ်ထားလိုက်ပြီးသား ကိုကိုက မာဖလာအဖြူလေးကိုင်လျက်နဲ့ လှည့်ကြည့်လာတယ်။
"ဘာလဲ..."
"အနွေးထည်ဘယ်နှစ်ထပ်လဲ ဆိုတာက အရေးမကြီးဘူးလေ... ဆောင်းတွင်းဆိုတာ တတ်နိုင်သလောက် တစ်ယောက်နဲ့တစ်ယောက် နွေးနွေးထွေးထွေး ပူးပူးကပ်ကပ်နေရတယ်တဲ့..."
ဘာစကားမှမတုံ့ပြန်ခင် မျက်လုံးကို သုံးစက္ကန့်လောက် စိုက်ကြည့်တာ ခံလိုက်ရသေး။
CZYTASZ
Heartless December❄️ ZG version
RomansHD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အလွဲများနဲ့တစ်နှစ်တာကို ဆောင...