အပိုင်း ၃၂ : ကျွန်တော်က Shiba

10 2 0
                                    


❄️❄️❄️

အဲ့ညနေက ကိုကိုညစာပြင်တာကို ဟိုတိုးဒီတိုးဝင်ကူပေးပြီး ကိုကိုထမင်းစားနေတာကို ရှေ့တည့်တည့်ကနေထိုင်ကြည့်၊ ပန်းကန်တွေ ကူဆေးပေးပြီးတော့ ၇နာရီခွဲခါနီးရောက်သွားတယ်။

"ကိုကို... အဲ့ဒီညာလက်ကို သိပ်မလှုပ်ရှားမိစေနဲ့နော်..."

"အင်း..."

"ကိုကို... အိပ်တဲ့အခါကျရင်လည်း ညာဘက်ကိုစောင်းမအိပ်နဲ့အုံး... လက်ပျဉ်ကိုဖိမိရင် အိပ်ရာနိုးတဲ့အခါ အောင့်နေလိမ့်မယ်"

"အင်း..."

"ဒီအတိုင်းနေရင်း ဒဏ်ရာကနာလာရင်လည်း အကိုက်အခဲပျောက်ဆေးသောက်ပြီး ဆေးသေချာထပ်လိမ်းဖို့မမေ့နဲ့..."

"အင်း..."

အိမ်ပြန်ခါနီး တံခါးဝမှာရပ်ပြီးမှာတမ်းခြွေနေတာကို ကိုကိုက
ကျွန်တော်စကားမရှည်နိုင်အောင် 'အင်း...' တစ်လုံးသုံးပြီး 'ငါသိတယ်... ပြန်လိုက်တော့...' ဆိုတဲ့အကြည့်နဲ့ နှင်ထုတ်နေလေရဲ့။ ဒီစကားမတိုင်ခင်ထိပေါ့...။

"ပြီးတော့... ကိုကိုမနက်ဖြန်အလုပ်မသွားနဲ့..."

"ဘာ..."

"အလုပ်မှာခိုက်မိတာဆိုတော့ ခွင့်ယူလို့ရတယ်မလား...
တစ်ရက်နှစ်ရက်နားလိုက်လေ..."

"ငါအဲ့လိုရက်ပျက်များနေရင် ဘယ်လိုလုပ် လစာအပြည့်ရမှာလဲ..."

ရော်... ကိုကိုရာ...။ ခင်ဗျားနဲ့တော့ ခက်နေပါပြီ။
ဒီလူက ခင်ဗျားကိုယ်ပေါ်မှာ ခြင်ကိုက်တဲ့အရာလေးတောင် မရှိစေချင်တာကို ကိုယ့်ကိုကိုယ်ဂရုမစိုက်ဘဲ ခဏခဏဒဏ်ရာရလာတာနဲ့တင် ကျွန်တော့်ကိုပါ ညင်းပန်းပြီးသားဖြစ်နေပြီဗျ။ ပိုက်ဆံရှာတဲ့ကိစ္စလေးကို ခဏမေ့ထားပြီး တစ်ခါလောက် စကားနားထောင်လိုက်လို့ မရဘူးလား။

"ကိုကို... ကိုကိုက တော်တော်ပြောရခက်ပါလား...
ကိုကိုဒီပုံစံနဲ့အလုပ်သွားရင်ရော ကောင်းကောင်းလုပ်နိုင်မယ်ထင်လို့လား..."

"ဘာမှမဖြစ်ဘူး... ဒီအတိုင်းလုပ်နေကျပဲ..."

လာပြန်ပြီ အဲ့ဒီ 'ဘာမှမဖြစ်ဘူး' ...။
တကယ်ပဲ ဘာတွေစားလို့များ ဒီလောက်ခေါင်းမာနေတာလဲမသိ။

Heartless December❄️ ZG version Where stories live. Discover now