အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း

16 2 0
                                    

❄️❄️❄️

အခန်းထဲကိုဝင်လိုက်တာနဲ့ စားပွဲပေါ်မှာခွေနေတဲ့မြွေနီလေးက ကျွန်တော့်ကို လှမ်းညို့ယူနေသလိုပဲ။

ကျောပိုးအိတ်ကိုပစ်ချပြီး တန်းတန်းမတ်မတ် လျှောက်သွားလို့ ကောက်ယူလိုက်တော့ လက်ဖဝါးနှစ်ဖက်ပေါ်မှာ လှဲလျောင်းနေတဲ့ မာဖလာလေးဟာ အနီရောင်စိုရဲလို့။ အချိုးအစားညီမျှတဲ့ အဖြူရောင်စာလုံးလေးနှစ်လုံးကလည်း နှင်းလမ်းကြောင်းလေးလို တည်နေသေးတယ်။

ကိုကိုကတော့ မှတ်မိမှာမဟုတ်ပေမယ့် ကိုကိုအသိစိတ်လွတ်နေခဲ့တဲ့ အဲ့ဒီနေ့ညက ကျွန်တော့်ကိုစေ့စေ့ကြည့်လို့ သူ့နာမည်ကိုခေါ်ရင်း မျက်ရည်တွေကြားထဲကနေ ဒီလိုပြောခဲ့တယ်လေ။

"မင်းပဲ မင်းအကြိုက်ဆုံးအရောင်နဲ့မာဖလာပေါ်မှာ ငါအကြိုက်ဆုံး
အရောင်နဲ့ ငါ့နာမည်လေး ထိုးပေးထားတာဆို... "

အနီရောင်...။ အဲ့ဒီအရောင်က ကိုကို့ချစ်သူဟောင်းရဲ့ အကြိုက်ဆုံးအရောင်ပေါ့။ ကိုကိုကတော့ အဖြူရောင်ကို ကြိုက်တယ်။

ကျွန်တော် ကိုကို့အိမ်ထဲကို တစ်လလောက် အဝင်အထွက်လုပ်ခဲ့တာ ဘာတွေသတိထားမိလဲ ကိုကိုသိမှာမဟုတ်ဘူး။

အနီရောင်ဖိနပ်စင်၊ အိမ်စီးဖိနပ်အနီရောင်၊ အနီရောင် တိုင်ကပ်နာရီ၊ နဂါးစက်ပင်ငယ်လေးထည့်စိုက်ထားတဲ့ အနီရောင်ပန်းအိုးအသေးလေး၊ ဆိုဖာပေါ်က အနီရောင် ခေါင်းအုံးဖောင်းဖောင်းလေးတွေ၊ ကိုကိုထိုင်ပြီးစာလုပ်နေကျ အနီရောင်ထိုင်ခုံ၊ အနီရောင်စာအုပ်စင်၊ အနီရောင်ဘောပင်ခွက်၊ အနီရောင်ဆင်တူ Mug ခွက်တွေ...။

ကိုကို့ပတ်ဝန်းကျင်က အနီရောင်ပစ္စည်း ဗုစုခရုလေးတွေက
အရင်ချစ်သူကို ကိုကိုဘယ်လောက် အလေးထားခဲ့လဲဆိုတာ ပြောပြနေကြတယ်။

အချစ်ဆိုသဟာကလည်း ပစ္စည်းတစ်ခုဝယ်နေရင်းတောင်
သူသဘောကျတတ်တာကို အလိုလိုလက်လှမ်းမိသွားတာမျိုးတဲ့လေ။

ကျွန်တော်တွေ့ခဲ့တာ ရှိသေးတယ်။ ကိုကို့အခန်းအံဆွဲထဲက အနီရောင်လက်ဆွဲအိတ်လေးနဲ့ ထည့်ထားတဲ့ အနီရောင်လက်ဆောင်ဘူးလေးနဲ့ အနီရောင်ပို့စ်ကဒ်လေး။

Heartless December❄️ ZG version Wo Geschichten leben. Entdecke jetzt