🐶 (L.K)² Experience Survey ❄️

34 2 19
                                    


Novella ပါ။ Heartless December ဆိုတဲ့ ဇာတ်လမ်းထဲက ရှီဘာကောင်အာလူးဖုတ်သမျှ သူ့ချစ်ပုံပြင်ရဲ့ဖြစ်ကြောင်းကုန်စင်ကို အိပ်ရေးပျက်ခံလိုက်ရေးပေးခဲ့ရတဲ့ သနားစရာစာရေးသူဖြစ်ပါတယ်။

ဇာတ်လမ်းအပြီးသတ်နိုင်ခဲ့တဲ့အတွက် ပျော်တာကိုနောက်ထားပြီး ဒီစာရေးသူက တစ်ခုခုသိချင်နေလို့ပါ။ HD ရထားကြီးပျော်ပျော်စီးပြီး အပြီးထိလိုက်လာကြတဲ့ စာဖတ်သူတွေကို မေးချင်တာလေးတွေပေါ့။
အဲ့ဒါကြောင့် (L.K)² experience survey ကို လုပ်ဖို့ရာ စီစဉ်လိုက်ပါတယ်။

(L.K)² နဲ့ပက်သက်တဲ့ မေးခွန်းလေးတွေပေါ့ခင်ဗျ။ သိပ်မများတာမို့
အချိန်ရရင် ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း ဖြေသွားပေးစေချင်ပါတယ်။
အကုန်လုံးမဖြေချင်လည်း ကိစ္စမရှိပါဘူး။ တစ်ခုနှစ်ခုပဲဖြစ်ဖြစ် စိတ်ပါသလောက်ပေါ့လေ...။

Let's get it started! Here's your survey paper 📄

၁) (L.K)² ဆိုတဲ့ couple name နဲ့ပက်သက်ပြီး ဘယ်လိုတွေးမိလဲ။

၂) (L.K)² လို့ပြောလိုက်တာနဲ့ ပြေးမြင်မိတဲ့အမှတ်အသားတစ်ခုက ဘာလဲ။ ပစ္စည်း၊ စားစရာ၊ dialogue ဘာဖြစ်ဖြစ် စိတ်ထဲပေါ်လာတဲ့တစ်ခုခုကို ပြောပြပေးပါ။ 

၃) (L.K)² မှာ L.K 1(အယ်လ်ခွန်း) နဲ့ L.K 2 (လင်းခန့်) ဘယ် character ကို ပိုသဘောကျမိလဲ။

၎) (L.K)² ထဲက ကိုယ်သဘောကျတဲ့တစ်ယောက်နဲ့ လမ်းမှာအမှတ်မထင် တွေ့လိုက်ရတယ်ဆိုပါစို့။ သူ့ကိုပြောချင်တဲ့စကားတစ်ခွန်းက ဘာလဲ။

၅) (L.K)² ကို မဖြစ်မနေအတင်းပြောရမယ်ဆိုရင် မကြိုက်တဲ့အချက်ကဘာဖြစ်မလဲ။ (ကိုကိုရော ခန့်ခန့်ရော နှစ်ယောက်လုံးကို လက်ဖက်ရည်ဖိတ်ချချင်လည်းရပါတယ် douzou!)

၆) (L.K)² နဲ့ကျမှ သိလိုက်ရတဲ့ သတိထားမိလိုက်တဲ့အရာမျိုး ပြောင်းလဲသွားတဲ့အတွေးမျိုးရှိလား။ ရှိတယ်ဆိုရင် ပြောပြခဲ့ပါ။

၇) (L.K)² မှာ ဘယ်သူကပိုချစ်တတ်တယ်လို့ထင်လဲ။ ဘာကြောင့်လဲ။

၈) (L.K)² နဲ့တူတဲ့အချက်။

၉) အရေးကြီးတဲ့မေးခွန်းလာပါပြီ။ (L.K)² ကို သတိရနေမှာလား။

That's the survey.
Thank you for participating.
Appreciate it a lot! ( ^⁠-⁠^)⁠/💛

Survey ကောက်ပြီးသွားတော့ နောက်မှာ (L.K)² ကိုချစ်ပေးကြတဲ့ စာဖတ်သူတွေအတွက် ကျေးဇူးတင်လွှာလေးရေးထားပါတယ်။
စစမိတ်ဆက်တုန်းက ပြောရင်းအကြွေးထားခဲ့တဲ့ (L.K)² ဘယ်လိုစမွေးဖွားခဲ့လဲဆိုတဲ့ သတင်းစာရှင်းလင်းပွဲ အသေးစားလေး‌လည်း ပါလိမ့်မယ်ဗျ။ နှုတ်မဆက်ခင် အာလူးဖုတ်ကြရအောင်... Go Go!

Novella✒️

Heartless December❄️ ZG version Donde viven las historias. Descúbrelo ahora