အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်

5 2 0
                                    

❄️❄️❄️

ဧရာဝတီမြစ်ကမ်းနံဘေးမှာရပ်လို့ မြစ်ထဲလူးလာကူးခတ်နေတဲ့ လှေသမ္ဗာန်တွေ၊ သင်္ဘောတွေကိုငေးရင်း မြစ်ကမ်းနဖူးအလှကို ဓာတ်ပုံရိုက်ရင်းနဲ့ ပတ်ဝန်းကျင်မှာ လူနည်းနည်းကျဲသွားတော့ ခေါင်းလောင်းကြီးဆီ ပြန်လှည့်လာခဲ့ကြတယ်။ 
ရှင်းမယ့်ရှင်းတော့လည်း တစ်ယောက်တစ်လေလောက်ပဲ ကျန်တော့တာမို့ ခေါင်းလောင်းထိုးနေရင်း ကိုကို့ကိုစချင်စိတ်တွေ နိုးထလာတဲ့ ကျွန်တော်ဟာ တကယ့်ကို စွန့်စားရတဲ့ လုပ်ရပ်တစ်ခုကိုလုပ်ဖို့ အကြံဉာဏ်တွေ တဖွားဖွားပေါ်လာလေရဲ့။

"ကိုကို... ခေါင်းလောင်းကြီးအတွင်းထဲက စာတွေမြင်ဖူးလား..."

"ခေါင်းလောင်းကထိုးဖို့ရာ လုပ်ပေးထားတာ... စာတွေ လျှောက်ခြစ်ဖို့မဟုတ်ဘူး၊ အဲ့တော့ စိတ်မဝင်စားဘူး"

"ဒါပေမယ့် ကိုကိုကလည်း ဒီနေရာကို ရောက်ခဲ့ပါတယ်ဆိုပြီး မှတ်တမ်းတင်တာမျိုးကတော့ လူတိုင်းလုပ်ကြည့်ချင်တာပဲလေ..."

"ဘယ်လိုပဲလုပ်ချင်တယ်ပြောပြော သမိုင်းဝင်နေရာတွေမှာ လျှောက်ပြီး ခြစ်ချင်ရာခြစ်တာ ကောင်းတဲ့အကျင့်မဟုတ်..."

"Wow... စာတွေအများကြီးပဲ..."

ဟုတ်...။ သူစည်းကမ်းချက်ရွတ်နေတုန်းခဏမှာတင် ကျွန်တော်က အမြီးကလေးမြှောက်ပြီး ခေါင်းလောင်းအောက်ကို ဝင်သွားလိုက်ပါပြီ။

"လင်းခန့်... ဘာဝင်လုပ်တာလဲ
ပြန်ထွက်ခဲ့... "

"နေအုံး... ကျွန်တော်စာရေးအုံးမယ်"

"ပေကပ်ကပ်မလုပ်နဲ့ ထွက်ခဲ့စမ်း... ပိဿာချိန် ငါးသောင်းကျော်လေးတဲ့အပြင် ငလျင်ဒဏ်ခံထားရလို့ ပြုတ်ကျမကျ ၁၀၀ ရာခိုင်နှုန်း စိတ်ချထားလို့မရတဲ့ ခေါင်းလောင်းအောက်ကို မင်းမို့လို့ ဝင်ကစားရဲတယ်... အခုထွက်လာခဲ့..."

"အတိအကျက ငါးသောင်းငါးထောင်ငါးရာငါးဆယ့်ငါး ပါ ကိုကို...
ရေးထားတာ မမြင်ဘူးလား..."

"ဘာပဲဖြစ်ဖြစ် မြန်မြန်ထွက်ခဲ့..."

ရပ်နေရာက ထိုင်ချလိုက်လို့ ခေါင်းလောင်းအတွင်းကို ငုံ့ကြည့်ပြီး မျက်ခုံးတွေကို ဆက်သွားမတတ်ကျုံ့လို့ ဆက်တိုက်အော်ခေါ်နေတဲ့ ကိုကို့ရဲ့မဝဲတဝဲလေသံ မာဆတ်ဆတ်လေးကို ပြုံးဖြဲဖြဲနဲ့နားထောင်ရင်း ပိုစချင်လာတာမို့ ဆော့ပင်အဖုံးကိုက်ထားတဲ့လေသံနဲ့ ကျွန်တော်လှမ်းပြောမိသွားတာက...။

Heartless December❄️ ZG version Where stories live. Discover now