❄️❄️❄️
တဖြည်းဖြည်းနဲ့ ခြောက်ကပ်နေတဲ့သစ်ပင်တွေမှာ ပုရစ်ဖူးတွေစုံလာတဲ့နောက်ပိုင်း စိမ်းနုရောင်ခြုံလွှမ်းထားတဲ့ နေ့ရက်တွေကို ရောက်လာခဲ့ပြီ။ နွေပိတ်ရက်ရှည်ကြီး ကန့်လန့်ကာပိတ်သွားတဲ့ ဇွန်လဆန်းရဲ့ ဝေလီဝေလင်းမနက်ခင်းတစ်ခုမှာ ကျွန်တော်မောင်လင်းခန့်တစ်ယောက် လမ်းကြားထဲကို လျှပ်စီးလိုအရှိန်နဲ့ စက်ဘီးစီးပြီး ကွေ့ဝင်လာပါတယ်။ speed 100+ နဲ့ပါ။ အချိုရည်တံဆိပ်တွေမဟုတ်ဘူးနော်။ အရှိန်နှုန်းကို ပြောတာ။
ပန်းဝင်တော့မယ့် ပြိုင်ပွဲဝင်တစ်ယောက်လို ခါးကိုရှေ့ကိုင်း၊ ခေါင်းကိုဒုံးကျည်ထိပ်ဖူးလိုအသုံးချပြီး လေကိုခွင်းခွင်းလာလိုက်တာ အဆောက်အဦးတစ်ခုရှေ့အရောက်မှာမှ ကျွီခနဲဘရိတ်အုပ်သံ စူးကျယ်ကျယ်နဲ့အတူ စက်ဘီးကိုပါပစ်ချခဲ့လို့ လှေကားထစ်တွေကိုတောင် အပြည့်မနင်းနိုင်ဘဲ ကျော်ရင်းလွှားရင်း ပြေးတက်သွားခဲ့တယ်။
"ဒေါက် ဒေါက် ဒေါက်..."
"ကိုကိုရေ... ကိုကို ...
ကိုကို... တံခါးလာဖွင့်ပါအုံးဗျ..."လက်ကလည်းတံခါးခေါက်ရင်း ပါးစပ်ကလည်း အော်ခေါ်ရင်းနဲ့ ကိုကို့အခန်းရှေ့မှာ ခုန်ရမလိုဆွရမလို၊ ကြာပါတယ်ဆိုပြီး နံရံပဲဖောက်ဝင်ရမလို အလွန်အမင်းတွေ ဂနာမငြိမ်ဖြစ်နေတုန်း တံခါးလေးပွင့်လာခဲ့တော့...။
"ကိုကို... ကျွန်တော်လေးဘာသာပါတယ်သိလား...
အင်္ဂလိပ်၊ သင်္ချာ၊ ဓာတု၊ ဇီဝ ..."ကိုကို့မျက်မှန်ပါးလေးကို ဖုန်းစကရင်ကြီးဝင်တိုက်မိတော့မတတ် လောလောလတ်လတ်ရိုက်လာတဲ့စာရွက်ပုံတစ်ပုံကို ရှေ့ထိုးပြပြီး ကြွားချင်အားကြီးလို့ ကြယ်တွေတလက်လက်ထနေသယောင်ရှိတဲ့ မျက်လုံးဝိုင်းတွေနဲ့ကြည့်ရင်းပြောလိုက်တော့ ကိုကိုက နောက်ကိုနည်းနည်းတိမ်းသွားတယ်။ ပြီးမှ 'ဖြေးဖြေးလုပ်ပါကွာ...' ဆိုတဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး ခပ်အေးအေးလေးပြန်ဖြေတယ်။
"အင်း... ငါသိပြီးပြီ..."
"ဟမ်..."
"လိုင်းပေါ်ကလေ..."
YOU ARE READING
Heartless December❄️ ZG version
RomanceHD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အလွဲများနဲ့တစ်နှစ်တာကို ဆောင...