Heartless December Character Facts 50

7 1 0
                                    

❄️❄️❄️

ဒီတစ်ခါကတော့ အပိုင်း ၅၀ ပြည့်သွားပြီဖြစ်တဲ့ HD အတွက် character facts အချက် ၅၀ ကို ရေးပေးထားပါတယ်။ HD မှာပါတဲ့ characters တွေအားလုံးအကြောင်း တစေ့တစောင်းကို အာလူးဖုတ်ပေးသွားမှာဖြစ်ပါတယ်။ မသိလည်းကိစ္စမရှိပေမယ့် ဇာတ်ကောင်အဓိကဇောင်းပေးပြီး သွားတဲ့ fic မို့ သိထားရင်တော့ HD jokes တွေက ပိုစပ်ဆက်လို့ရ၊ ပိုရယ်ရမှာပါ။ နွေးနွေးထွေးထွေးနေရင်း အာလူးဖုတ် (ကြေကွဲရှီဘာခန့်ခန့်ကို ပြောခြင်းမဟုတ်ပါ) စားကြပါအုံးဗျ။ (⁠◍⁠•⁠ᴗ⁠•⁠◍⁠)

Let's get started!!

The love triangle 📐

1) ခန့်ခန့် (လင်းခန့်) ဟာ ကျောင်းမှာဆို သူငယ်‌ချင်းကောင်မလေးတွေ၊ ဂျူနီယာကောင်မလေးတွေ ကြိတ်ကြွေတာခံရတဲ့အထဲမှာပါပါတယ်။ ဒါပေမယ့် တစ်ခါမှဖွင့်ပြောတာ မခံရဖူးပါဘူး။ ဘာလို့လဲဆိုတော့ သူက ကောင်မလေးတွေကိုဆို အမြဲပေါ့ပေါ့ပါးပါးပဲဆက်ဆံပြီး လုံးဝ flirt လေ့မရှိသလို တစ်ဖက်က flirt နေလည်း မသိ‌ချင်ယောင်ဆောင်ပြီး ယောင်တောင်တောင်လုပ်တတ်လို့ပါ။ သူက အရင်တုန်းက ချစ်ရတာကို ပင်ပန်းပြီးအလုပ်ရှုပ်မှာပဲလို့ တွေးလို့ သူ့ပြိုင်ဘီးနီလေးကိုပဲ ရည်းစားတစ်ယောက်လို ချစ်ပါတယ်။ ဘယ်သူနဲ့မှ မချစ်ချင်သေးပေမယ့် သူ့ကိုယ်သူတော့ မျဉ်းဖြောင့်လေးလို့ အောက်မေ့ထားခဲ့တာပါ။ တစ်ခုသောဒီဇင်ဘာတစ်ရက်မှာ တစ်စုံတစ်ယောက်နဲ့ဝင်တိုက်ပြီး ကွေးမသွားခင်အထိပေါ့။

၂) L ခွန်းက သူဟာ homosexual ဖြစ်တယ်ဆိုတာကို အသက် ၁၄ နှစ်မှာ စသိခဲ့တာပါ။ ဘယ်လိုသိခဲ့တာလဲဆိုတော့ ဒီလိုရှိပါတယ်။ အယ်ခွန်းက ကောင်မလေးတွေ အတော်များများ သူ့ကို လာဖွင့်ပြောပြီးတာတောင် ဘယ်သူ့ကိုမှ စိတ်ဝင်စားတာမျိုးမရှိဘဲ ချက်ချင်းငြင်းတတ်တဲ့အတွက် တစ်ရက်မှာ သူ့အခန်းဖော်သူငယ်ချင်းက "မင်းက သူများနဲ့မတူဘူး၊  တကယ်ထူးခြားတယ်" လို့ ပြောလိုက်မိပါတယ်။ သူက အဲ့ဒီစကားကြောင့် နှစ်ညဆက်တိုက် ညလုံးပေါက်ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်နေခဲ့ပြီး သုံးရက်မြောက်နေ့မှာ သူတို့အခန်းရဲ့ monitor (သူ့ရဲ့ first love) က သူ့ကိုစာလာပေးသွားမှ ဆန်းစစ်ချက်က result ထွက်သွားတာပါ။

Heartless December❄️ ZG version Where stories live. Discover now