❄️❄️❄️
ဒီရက်တွေအတွင်း အာကာဝေယံအကြောင်းကိုတော့ အစ်ကို့ဆီကနေပဲ တစ်စွန်းတစ်စကြားနေရပါတယ်။ ကိုကိုနဲ့စကားပြောခွင့်ရပြီးတဲ့နောက် ခဏချင်းပဲ ဆေးရုံကဆင်းသွားတဲ့အကြောင်း၊ ဆေးရုံကိစ္စတွေကို သူ့ PA ကပဲလုပ်ပေးသွားပုံရပြီး သူ့အိမ်နဲ့ကုမ္ပဏီကိုလည်းပြန်မလာဘဲ ပျောက်နေပြန်တဲ့အကြောင်း စသဖြင့်။
"အလို... စာအုပ်တွေဘာတွေကိုင်လို့..."
"စာအုပ်ကိုင်မှကြိုက်တဲ့တစ်ယောက်ယောက်ရဲ့
နှလုံးသားထဲဝင်ခွင့်စာမေးပွဲဖြေနေရတာ မကိုင်လို့ဘယ်ရမလဲဗျ၊ college ရောက်လာလို့လည်း သက်သာတယ်မရှိပါဘူး""ငါမင်းဆီတင်နေတဲ့ ခေါက်ဆွဲဘူးဖိုးနဲ့ဟိုဟိုဒီဒီအကြွေးတွေကို လျော်ပေးလိုက်ရင် ကုသိုလ်အထောက်အပံ့ရပြီး ချက်ချင်းအောင်ချင်အောင်သွားမှာ"
"အဲလိုကုသိုလ်လည်း မလိုချင်ဘူး
အတိုးမတောင်းတာ ကျေးဇူးတင် "အမေ့ဆီကဟင်းအချောင်လာယူဖို့ အိမ်ကိုလာလည်တုန်း ကျွန်တော့်အခန်းထဲလာထိုင်ရင်း အစ်ကိုက ကျွန်တော့်ကိုပြောပြတယ်။ ကျွန်တော်စာလုပ်နေတာမို့ ဘေးနားကထိုင်ရင်း အောက်ထပ်ကယူလာတဲ့ လိမ္မော်သီးကိုခွာရင်းပေါ့။
စာလုံးတစ်ခုရိုက်ရှာရင် ဆောင်းပါးတစ်ရာလောက်ထွက်လာတဲ့ google စာမျက်နှာလိုမျိုး သူ့သဘောနဲ့သူ ချပြမျှဝေနေလိုက်တာ အာကာဝေယံ့ PA အကြောင်းကစပြီး သူတို့အိမ်တွင်းရေးသပွတ်အူတွေထိ သူကြားဖူးနားဝရှိထားသမျှပဲ ဆိုပါတော့။
"သူ့ PA ဆိုတဲ့တစ်ယောက်က ငါ့ကိုလာစကားပြောသေးတယ်... အလုပ်ဝင်တာတစ်နှစ်မပြည့်သေးတဲ့ လူသစ်ဖြစ်ပုံရပေမယ့် သူ့အလုပ်ရှင်နဲ့တခြားစီ ရည်ရည်မွန်မွန်ပဲ၊ ဒယ်နီရယ်လ် (Daniel) တဲ့ အိုင်းရစ်-မြန်မာကပြားကောင်လေး... ငါ့ထက် တစ်နှစ်သာသာလောက်ငယ်တယ်၊ အရပ်သိပ်မရှည်ပေမယ့် ချောချောလေးပဲ၊ စကားပြောလည်း ကောင်းတယ်"
"အမှတ်တွေပေးနေပုံထောက်ရင် အစ်ကို သူ့ကို စိတ်ဝင်စားနေတာလား..."
"ဘယ်လိုပြောရမလဲကွာ... သူ့ဆံပင်ကောက်လေးတွေက စိတ်ဝင်စားစရာတော့ကောင်းပါတယ်... အသစ်ထွက်တဲ့ ခေါက်ဆွဲဘူးလောက်တော့မဟုတ်ဘူး"
YOU ARE READING
Heartless December❄️ ZG version
RomanceHD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အလွဲများနဲ့တစ်နှစ်တာကို ဆောင...