(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း

15 3 0
                                    

❄️❄️❄️

"ကိုကို ဒီချောကလက်ကနည်းနည်းခါးသလားလို့..."

"ဟုတ်လား... ငါသေချာ အချိုများအောင်လုပ်ထားတာပါ"

"အရသာမမြည်းလိုက်ဘူးမလား၊ ကိုကိုစားကြည့်လေ..."

ကျွန်တော်ကမ်းပေးတဲ့ ချောကလက်တုံးလေးကို ကိုကိုကလှမ်းယူပြီး သူ့အကျင့်အတိုင်း ခပ်သေးသေးလေးကိုက်လိုက်တုန်း ကျန်တဲ့အပိုင်းကို ဟပ်ယူလိုက်မိတော့...။

"Shiba Inu တွေက ပါးစပ်ထဲကလုစားရတာကို သဘောကျတာလား..."

"အင်း... Shiba Inu style choco kiss လေ... မလုပ်လိုက်ရရင် နောင်တရနေမိမယ်ထင်လို့..."

ချစ်သူတွေအဖြစ်နဲ့ပထမဆုံးဖြစ်သန်းရတဲ့ Valentine Day...။ ကိုကိုလုပ်ပေးတဲ့ချောကလက်ကိုမြည်းစမ်းရင်း ကျွန်တော်သူ့အနားမှာ ခုန်ဆွခုန်ဆွဖြစ်နေတယ်။ ပလီစိချောက်ချက်နည်းလမ်းတွေနဲ့ သူ့နှုတ်ခမ်းက ချောကလက်မှုန်လေးတွေကိုလျက်နိုင်ဖို့ အသည်းအသန်ကြိုးစားနေခဲ့တာလို့ ပြောရမလား။

ပန်းကန်ပြားနီနီလေးပေါ်မှာ စီရီနေတဲ့ အသည်းပုံချောကလက်တုံးလေးတွေက ဖေဖော်ဝါရီ ၁၄ ကို
ဆရာတပည့်များနေ့နဲ့မှားစရာ အကြောင်းမရှိတော့မှန်း သက်သေပြနေတယ်။ Claudius II လည်း ဝင်တားလို့မရဘူး။ တစ်ချိန်ကကျွန်တော့်ဆရာဖြစ်ခဲ့ဖူးတဲ့ အယ်လ်ခွန်းဆိုတဲ့အဲ့ဒီလူသားဟာ အခုကျွန်တော့်ချစ်သူပဲ။ ရည်းစားဟောင်းဆိုတာတွေ အရင်ကဆောင်းမှာချန်ခဲ့ပြီး ကျွန်တော်တစ်ယောက်တည်းကိုချစ်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကျွန်တော့်ရဲ့တရားဝင်ချစ်သူ။

သူကိုယ်တိုင်ဖွင့်ပြောတာကို ခံရဖူးတဲ့သူက သမိုင်းမှာ ကျွန်တော်ပထမဆုံးဖြစ်ပြီး ကျွန်တော့်နောက်မှာလည်း ဘယ်သူ့နာမည်မှ ရှိနေမှာမဟုတ်ဘူး။ ရှိခဲ့ရင် သမိုင်းရေးဆရာကို သမိုင်းတုဖန်တီးမှုနဲ့ ဆွေခုနှစ်ဆက်မျိုးခုနှစ်ဆက် ဒဏ်ကြေးတပ်မယ်။  ကိုကို့နှလုံးသားကို အပိုင်ရထားသူက အခုရောနောင်ရော ကျွန်တော်တစ်ယောက်တည်းပဲ။

"ကိုကို..."

"‌ဘာလဲ ခန့်ငယ်... ချောကလက်ကို ခွံ့ကျွေးခိုင်းဦးမလို့လား"

Heartless December❄️ ZG version Where stories live. Discover now