အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်

8 2 0
                                    

❄️❄️❄️

"..."

ကျွန်တော်နဲ့ထပ်တူပဲ ကျယ်ဝန်းသွားတဲ့ မျက်နက်ဝန်းတွေ...။
သူ့ကိုယ်သူ အံ့ဩသလိုဖြစ်နေရင်း ကိုကိုဟာ ပိုအားထည့်ပြီး တူညီတဲ့စကားလုံးကို ရွတ်ဖို့လုပ်ပြန်တယ်။

"..."

အသံထွက်မလာဘူး။ နောက်တစ်ခါလည်းပဲ ဒီအတိုင်း...။
ဘယ်လိုပဲ ကြိုးစားပြီး ဒီစကားလုံးလေးနှစ်လုံးကို အသံထွက်ဖို့လုပ်လုပ် နောက်ဆုံးအထိ လည်ချောင်းကိုဖြတ်လာတဲ့ လေတစ်သုတ်ကိုပဲ ကြားလိုက်ရတယ်။ အသံကတော့ ခပ်သဲ့သဲ့လေးတောင် ထွက်မလာ။ 

ကိုကိုက စိတ်ရှုပ်သွားတဲ့ပုံစံနဲ့ အသက်ပြင်းပြင်းရှူလာတယ်။
ထပ်ပြီး နှုတ်ခမ်းတွေကိုဖွင့်ဟရင်း အသံထွက်အောင်လုပ်ဖို့ ကြိုးစားနေပြန်တယ်။

"အသံထွက်လို့ အဆင်မပြေရင် တအားကြီး ကိုယ့်ကိုကိုယ် တွန်းအားမပေးပါနဲ့... ခဏတာ အသံပျောက်ဆုံးတာမျိုး ဖြစ်နိုင်ပါတယ်"

"စကားမပြောနိုင်တော့တာမျိုးတော့ မဟုတ်ပါဘူးနော်..."

"မဟုတ်ပါဘူး... intubation ကြောင့် လည်ချောင်းကြွက်သားတွေ ထိခိုက်ထားလို့ အသံထုတ်ဖို့ရာ အဆင်မပြေသေးတာ ဖြစ်ပါလိမ့်မယ်... လည်ချောင်းယောင်ယမ်းတာတွေအတွက် ဆေးသက်သက်ပေးမှာပါ... တဖြည်းဖြည်းချင်းမှ စကားပြန်ပြောနိုင်လာပါလိမ့်မယ်"

အဲ့ကျမှ ကျွန်တော်လည်း ဟင်းချလိုက်နိုင်တယ်။
အခုထက်ထိ ဘာဖြစ်နေလဲ အပြည့်အစုံသဘောမပေါက်သေးလို့ စိတ်ကျဉ်းကျပ်နေပုံရတဲ့ ကိုကို့ကို 'ဘာမှမဖြစ်ပါဘူး... အဆင်ပြေသွားမှာပါ' ဆိုတဲ့ အကြည့်နဲ့ နှစ်သိမ့်နေတုန်း...။

"လူနာက သတိတော့အပြည့်ရှိနေတယ်ဆိုတော့
ကိုယ်အင်္ဂါတွေရဲ့အခြေအနေက ဘယ်လောက်လှုပ်ရှားနိုင်လဲ ကြည့်ရအောင်..."

အဲ့ဒီလိုဆက်ပြောလိုက်တဲ့ ဆံပင်ဘေးခွဲနဲ့ သက်လတ်ပိုင်းဆရာဝန်ရဲ့မျက်နှာကို ကျွန်တော် လှစ်ခနဲ ခေါင်းမော့ကြည့်မိသွားတယ်။ မျက်ခုံးက ကျုံ့ရက်...။

ဒီဆရာဝန်နဲ့တော့ ပြဿနာပဲ။ coma ၀င်နေရာက အခုမှနိုးလာတဲ့သူကို အမျိုးစုံခိုင်းနေတော့မှာလား...။ ကိုကိုပင်ပန်းပြီး အကြာကြီး ပြန်အိပ်ပျော်သွားပြန်ရင် ဘယ်လိုလုပ်မလဲ။

Heartless December❄️ ZG version Where stories live. Discover now