အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး

10 3 0
                                    

❄️❄️❄️

ဒီဇင်ဘာနေ့လေးကတော့ ညနေကတည်းက ကျွန်တော့်ရပ်ဝန်းမယ် သိပ်ကိုရာသီဥတုသာယာနေတာပါပဲ။ ကိုကိုက ကျွန်တော့်ကို ဖုန်းဆက်ခေါ်၊ ဆွယ်တာဝယ်ပေး၊ ကိတ်မုန့်ဝယ်ကျွေးတဲ့အပြင် အိမ်အထိပါ လိုက်ပို့ပေးခဲ့တယ်။ ပြီးတော့...။

"မင်းက အစပ်စားတဲ့နေရာမှာ အရမ်းပျော့တယ်၊
နောက်မှ ဗိုက်နာမနေအောင် အစာအိမ်ဆေးတစ်ခုခုသောက်ထားလိုက်..."

အဲ့သလိုလည်း အခေါက်အခေါက်အခါခါမှာသေးရဲ့။ သူပြန်တော့မယ်လုပ်တော့ ကျွန်တော်ပြန်ဆွဲထားရင်း...။

"အဲ ကိုကို mug ခွက်ယူသွားဦးလေ...
ကိုကိုတစ်ခွက် ကျွန်တော်တစ်ခွက်၊ ဆင်တူ pair လေး..."

သူ့ကို ကမ်းပေးလိုက်တဲ့ mug ခွက်နီလေး။
တစ်ခွက်ကိုတော့ ကျွန်တော်ထုတ်ယူထားပြီး ဘူးထဲကျန်နေတဲ့တစ်ခွက်က သူ့အတွက်ပေါ့။

"ကျေးဇူး..."

"ကျွန်တော်လည်း ဆွယ်တာအတွက် ကျေးဇူး..."

"အဲ့ဒါက ငါဆေးရုံတက်နေတုန်းက မင်းငါ့ကို ပြုစုပေးခဲ့တာတွေအတွက် တစ်ခုခုပြန်ပေးချင်လို့... ကျေးဇူးတင်စရာမလိုဘူး"

"အင်းနော်... ကိုကိုနဲ့ ကျွန်တော့်ကြားမှာ ကျေးဇူးဆိုတာတွေ မလိုဘူး၊ အဲ့ဒီအစား အသိအမှတ်ပြုပေးတဲ့ တခြားတစ်ခုဆိုရပြီ၊ ဒီနေ့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် challenge လုပ်ခဲ့တာ... အသိအမှတ်ပြုချင်စရာ မကောင်းဘူးလား..."

နှာဝကထွက်လာတဲ့ လေသံလေးနဲ့အတူ ကိုကို့နှုတ်ခမ်းထောင့်လေးတွေ ကွေးသွားကြတယ်။ ခေါင်းကို သူ့အနားထိုးပေးလိုက်တော့ ကျွန်တော့်ဆံပင်တွေကြား တိုးဝင်လာကြတဲ့ လက်ချောင်းရှည်တွေဟာ ညင်ညင်သာသာလှုပ်ရှားလို့။ သူလက်ပြန်ရုတ်သွားတော့ ဆွယ်တာလက်ဖျားလေးအဟမှာပေါ်လာတဲ့ လက်ကောက်ဝတ်က လက်ပတ်ကြိုးနီလေးကို မြင်လိုက်ရတယ်။

"ကိုကို မေမေပေးတဲ့ လက်ပတ်ကိုဝတ်ထားတုန်းပဲလား...
တကယ် အန္တရာယ်ကင်းအဆောင်အဖြစ်သုံးနေတာလား... ဘာထူးခြားလဲ..."

"မပြောတတ်ဘူး... ဒါပေမယ့် အန်တီက ငါ့ကိုတကူးတကပေးထားတဲ့ လက်ဆောင်ပဲလေ... ၀တ်ထားလို့လည်း ပြဿနာမရှိပါဘူး"

Heartless December❄️ ZG version Where stories live. Discover now