အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို

13 3 0
                                    

❄️❄️❄️

ကြောင်တွေနဲ့ထိတွေ့တဲ့အခါ လူ့ခန္ဓာကိုယ်ထဲမှာ ‌oxytocin ဟော်မုန်းထုတ်လုပ်မှု တက်လာတယ်။ အဲ့ဒီအမွှေးတွေရဲ့နူးညံ့မှုနဲ့  ကိုယ်အပူချိန်ရဲ့သက်ရောက်မှုက လက်ထိပ်ဖျားကနေဦးနှောက်ထိ စီးဆင်းသွားတဲ့အခါ ခံစားချက်တွေ ပေါ့ပါးလာလိမ့်မယ်။ စိတ်တင်းအားတွေ လျော့သွားမယ်။ ‌စိတ်ထဲ ကြည်နူးလာမယ်။ လမ်းသွားရင်း တွေ့ကရာကြောင်တစ်ကောင်ကို ခေါင်းလေးမေးလေး ပွတ်သပ်ပေးလိုက်ရုံနဲ့ လူတစ်ယောက်ဆီက ပွေ့ဖက်ခံရတာနဲ့တူတဲ့ စိတ်ကျေနပ်ပျော်ရွှင်မှုမျိုး ရနိုင်တယ်။

ဒီလောက်ဆို ကြောင်တွေဟာ တုနှိုင်းမဲ့တန်ခိုးရှင်တွေ၊ ဘုရားကပေးတဲ့ ချစ်မွှေးကြီးတွေပါလားလို့ ခင်ဗျားတို့က စတွေးကောင်းတွေးနေနိုင်ပြီ။ အဲ့မှာ ပြောစရာစရှိတာပဲ။

အထက်ပါ  oxytocin ရဲ့အကျိုးကျေးဇူးများဆိုတာက ခွေးတွေနဲ့ဆိုလည်း ဒီအတိုင်းအတူတူ ရနိုင်တာချည်း။ oxytocin ဆိုတာက ခဏတာသက်ရောက်မှုပဲ ရှိသေးတာ။ ပြောရမယ်ဆို ခင်ဗျားတို့သာ ခွေးတစ်ကောင်ကို အဲ့သလို နေ့တိုင်းဂရုတစိုက် ခေါင်းကလေးပုတ်ပေးရင် တစ်ပတ်ကြာတဲ့အခါ လစာမဲ့ body guard ရပြီသာမှတ်။ လက်ထပ်စာချုပ်ထက်မြဲတဲ့ ခေါင်းပုတ်စာချုပ်လို့ ခေါ်တယ်။ "ကျွန်တော်သည် ဒီလူသားကို အရိုးကြေအရေခမ်းသည့်တိုင် သစ္စာရှိပါမည်" လို့ သုံးခါလှည့်ပတ်ပြီးပြုတဲ့ ကတိက၀တ်မျိုးလေ။
ငါးကြော်သူခိုးတွေက ဒါမျိုးလုပ်ရကောင်းမှန်း ဘယ်သိမလဲ။  သူတို့သိတာဆိုလို့ အစာတောင်းပြီးကြိတ်မယ် ပြီးရင် နေရာပြောင်းပြီးအိပ်မယ်ပဲ ရှိတာမဟုတ်လား။ ကြားရတဲ့အတိုင်း ဒီခေတ်ကြီးမှာက ကြွက်ခုတ်တဲ့ကြောင်ထက် သခင်ငါးကြော်တာစောင့်ရင်း Tom and Jerry ထိုင်ကြည့်မယ့် ကြောင်တွေပဲ ပိုများလာတယ်ဆိုတာ။ ဘာပဲပြောပြော ကျွန်တော့်အမြင်မှာ ကြောင်တွေက overrated ဖြစ်လွန်းနေတယ်။ လူတွေဟာ ခွေးတစ်ကောင်ရထားခြင်းရဲ့ ကံကောင်းမှုကိုတော့ အလေးမထားကြဘူးပဲ။ တကယ့် စိတ်မကောင်းစရာ။

"မထွက်ဘူးလား... "

"ဗျာ..."

"ငါထွက်ပြီးတာ ကြာနေပြီ၊ မင်းကြည့်ရတာ ဓာတ်လှေကားထဲ တစ်ရေးအိပ်ချင်သေးတယ် အောက်မေ့တယ်..."

Heartless December❄️ ZG version Where stories live. Discover now