အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း

13 2 0
                                    

❄️❄️❄️

ဒီရက်ပိုင်းတော့ ကျွန်တော့်စီးတော်ယာဉ်လည်း ဂိုဒေါင်ထဲမှာ အနားရနေတယ်။ ပြိုင်ဘီးအနီလေးနေရာမှာ ကလစ်ဆိုင်ကယ်အနီတစ်စီး အစားရောက်နေလို့ပါပဲ။  ကျွေးသဖခင်ရဲ့ ကျေးဇူးတော်ပေါ့လေ။

အထက်တန်းတက်စကတည်းက အဖေက ဆိုင်ကယ်ပြောင်းစီးဖို့ တိုက်တွန်းတယ်။ ဒါပေမယ့် ဆိုင်ကယ်ကိုသိပ်စိတ်မပါဘဲ ပြိုင်ဘီးကို ရူးသွပ်လေတဲ့ လေကြီးဖင်ကျယ်ကျွန်တော်ဟာ ဆိုင်ကယ်တစ်စီးကထွက်တဲ့ အခိုးအငွေ့ဘယ်လောက်ရှိကြောင်း၊ မန္တလေးတစ်မြို့လုံးအနေအထားနဲ့ဆို လေထုထဲ မီးခိုးငွေ့ဘယ်လောက် ရောက်နေနိုင်ကြောင်း၊ အနာဂါတ်မှာ လေထုညစ်ညမ်းမှုတွေ ဖြစ်မလာရအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီသားတော်မောင်က စက်ဘီးစီးရင်း သဘာဝကို ထိန်းသိမ်းစောင့်ရှောက်နေတာဖြစ်ကြောင်း လေတိုက်ပစ်လိုက်တာပေါ့။ အဲ့သမှာ အဖေကဘာပြန်ပြောလဲဆိုတော့ "အေးကွာ ... တစ်ခါတည်း Mark Beaumont ရဲ့ ဂင်းနစ်စံချိန်ကိုချိုးဖို့ရာ စက်ဘီးနဲ့ကမ္ဘာပတ်ပြလိုက်ပါလား" တဲ့။ 'သက်စ်မိုင်ဆမ်း' ဆိုပြီး ဂုဏ်ယူပြဖြစ်တာလား၊ ရွဲ့တာဖဲ့တာလား မသဲကွဲသောပဲ။

[A/N *Mark beaumont - ၂၀၁၇ခုနှစ်က ၇၈ရက်၊ ၁၄နာရီ မိနစ်၄၀ တည်းနှင့် ပြင်သစ်မှ အနောက်ဩစတြေးလျထိ စက်ဘီးစီးသွားလာ၍ ကမ္ဘာပတ်ခရီးစဉ် ပြီးဆုံးအောင်မြင်ခဲ့သောကြောင့် အမြန်ဆုံးကမ္ဘာပတ်စက်ဘီးစီးသူအဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းဝင်ခဲ့သော ဗြိတိသျှလူမျိုး စက်ဘီးစီးသမား]

ထားလိုက်ပါတော့...။ အခုတော့ ကျွန်တော်မငြင်းတော့ဘူး။
ကိုကို့ခရီးစဉ်တွေနောက်ကို တစ်နေကုန်စက်ဘီးနဲ့လိုက်ရတာ ချန်ပီယံနီးနီးကျွန်တော့်အတွက်တောင် မစားသာဘူးလေ။ အထက်တန်းနှစ်တစ်လျှောက်လုံး ရည်းစားလိုအတွဲညီခဲ့ရတဲ့ စီးတော်ယာဉ်လေးကို ပလစ်မထားချင်ပေမယ့်လည်း သစ္စာတွေ၊ မေတ္တာတွေ၊ ရွှေမန်းသဘင်တွေကိုနောက်ထားလို့ သက်သာမြန်ဆန်ရေးကိုပဲ ရွေးချယ်လိုက်တယ်။ ဆိုင်ကယ်စီးတတ်ပြီးသားကျွန်တော်က ခါတိုင်းဆို အမဆိုင်ကယ်ကိုတောင် တက်ခွလေ့မရှိပေမယ့် အခုတော့ တရွှတ်ရွှတ်နဲ့လွင့်နေပြီလေ...။

Heartless December❄️ ZG version On viuen les histories. Descobreix ara