အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁

26 6 0
                                    

❄️❄️❄️

ဒီဇင်ဘာ ၁၉ ရက်။ ပြက္ခဒိန်မှာဝိုင်းစရာမလိုဘဲ ကွက်ပြီး 1180p နဲ့ မြင်နေရတဲ့ရက်စွဲတွေထဲ ထိပ်ဆုံးကပါလေရဲ့။ အစောကြီးနိုးလာတဲ့ကျွန်တော် တစ်ကိုယ်ရည်သန့်ရှင်းပြီးတော့  စားပွဲပေါ်ကမာဖလာကို ကောက်လိုက်တယ်။

ကျွန်တော်နိုးကာစက ပြတင်းပေါက်ကမြင်ရသလောက်  ပတ်ဝန်းကျင်ကမှောင်နေတုန်းပဲ။ ဆောင်းတွင်းမနက် ၅နာရီကိုး။ မျက်နှာသစ်၊ သွားတိုက် ကိုယ်လက်သန့်စင်ပြီးတဲ့နောက် ဟိုလုပ်ဒီလုပ်နဲ့ အလုပ်ရှုပ်လိုက်တာ နည်းနည်းအချိန်လင့်သွားတယ်။
စက်ဘီးသွားထုတ်လာတော့ အလင်းရောင်လေးခပ်ဖျဖျပြလာပြီ။

ကျွန်တော့်ထက်အရင်နိုးနေတာက ဒီလထဲမှ အဖေအလုပ်ခန့်ထားတဲ့ ခြံစောင့်ဦးလေး။ နယ်ဘက်ကလာတဲ့ အသက် ၄၀ ကျော် ၅၀နီးပါး အသားညိုညိုလူပျိုကြီးဖြစ်ပြီး စကားသိပ်မပြောဘဲ သူ့အလုပ်သူ ကောင်းကောင်းလုပ်တယ်။ နာမည်က ဦးနွေးတဲ့။ များသောအားဖြင့် ပါးစပ်မှာ ဆေးလိပ်ခဲ‌ထားတတ်ပေမယ့် ကျွန်တော်တို့အိမ်သားတွေကို မြင်တိုင်း သောက်လက်စဆေးလိပ်ကို လက်နှစ်‌ချောင်းနဲ့ညပ်ယူ၊ ကျန်တဲ့လက်တစ်ဖက်က ဆေးလိပ်ငွေ့တွေကိုယပ်ထုတ်ရင်း နွေးနွေးထွေးထွေး ပြုံးပြတတ်ပါတယ်။

ကျွန်တော့်ကိုခြံတံခါးဖွင့်ပေးရင်း ပြုံးပြနေတဲ့ဦးနွေးကို ကျွန်တော်ခေါင်းငြိမ့်ပြုံးပြလိုက်ရင်း စီးတော်ယာဉ်နဲ့အတူ လမ်းထွက်လာခဲ့တယ်။ အေးချက်ပါပဲ။ ဒီနှစ်လည်း ဆောင်းတွင်းပီပြင်မယ့်နှစ်ထင်ပါရဲ့။

လေတိုးနေတဲ့အသံတွေက နားထဲဆူလို့။
မာဖလာနီနီ၊ စက်ဘီးနီနီ၊ ဆွယ်တာနီနီနဲ့ မြူမှုန်မှုန်လမ်းထဲ အနီရောင်မြှားလေးပြေးသွားသလိုမျိုး အရှိန်တင်လာခဲ့တော့
ခဏချင်းပဲ သုံးလမ်းကျော်ကိုရောက်လာခဲ့တယ်။

"ကျွီ..."

လူမရှိတဲ့လမ်းခွဆုံမှာ ပြန့်ထွက်လာတဲ့ ဘရိတ်ဆွဲသံ။
ကျွန်တော်စက်ဘီးထပ်လဲပြန်ပြီလို့ ထင်လိုက်ရင် မှားပါတယ်။ လမ်းထဲ အရှိန်နဲ့ကွေ့ဝင်လာရင်း အကြောင်းရှိလို့ တမင်တကာ ဆွဲအုပ်လိုက်တာ။

Heartless December❄️ ZG version Tahanan ng mga kuwento. Tumuklas ngayon