အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း

7 2 0
                                    

❄️❄️❄️

"ငါ့ကိုလွှတ်..."

တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကအနွေးဓာတ်ကလေးကို
ရင်ဘတ်၊ လက်မောင်း၊ ပါးနဲ့ မေးဖျားလေးတွေကတစ်ဆင့် အပြည့်အဝခံစားကြည့်တာမှ စက္ကန့်ကြာကြာ မကုန်မသေးဘူး။ အနီးကပ်ဆုံးလေထုလွှာကြားထဲက ထွက်လာတဲ့ သတိပေးသံတစ်ခု။

ခွင့်မတောင်းပါဘဲ သူ့ကို နောက်ကျောဘက်ကနေ တွယ်ဖက်ထားတဲ့ ကျွန်တော့်အပြုအမူကြောင့် အခုလောက်ဆို မျက်ခုံးတန်းတွေ တွန့်ချိုးနေလောက်ရောပေါ့။

"မလွှတ်ဘူး... ဘာလုပ်ချင်လဲ..."

လက်ထဲက ပန်းအိုးလေးကို စားပွဲပေါ်အသေချာပြန်ချလိုက်သံ ကြားအပြီးနောက်မှာတော့...။

"ထောက်..."

"အား..."

နောက်ပြန်ဝင်လာတဲ့တိုက်ကွက်ကြောင့် ပူသွားတဲ့ ကိုယ့်နဖူးကိုကိုယ်ပွတ်ရင်း အသင်္ချေအသင်္ချာဖက်ထားမယ့် စိတ်ကူးတွေကို ဖိသိပ်လို့။ တစ်စုံတစ်ယောက် ကျေးဇူးကြောင့် ကျွန်တော့်နဖူးပိုင်းက အာရုံကြောသွေးလည်ပတ်မှုတွေ ကောင်းလာပြီ။

ရမလားလို့ခဏလေးဖက်မိတာကို ကပ်စေးနဲချက်ကတော့... စင်ကော်နဲ့သစ်စေး အရှုံးပေးရလောက်တယ်။
ခင်ဗျားနော်...။ ခင်ဗျား...။

"ကျွန်တော့်လက်ဆောင်က အဲ့ဒါတင်မကသေးဘူးနော်...
ကိုကို ကျွန်တော့်ကိုဒီလိုအနိုင်ကျင့်နေရင် နောက်ကျန်တဲ့ လက်ဆောင်တွေမပေးဘဲ နေပစ်တော့မှာ..."

"..."

မပြောင်းလဲဘူး။ မပြောင်းလဲဘူး။
သူ့ကိုလက်စားချေချင်လို့ ခေါင်းမာပြဖို့ ကြိုးစားလိုက်ရင် 'ငါဘာမှမဝယ်ဘူး...' ဆိုတဲ့မျက်နှာထားနဲ့ တုံ့ပြန်တဲ့အကျင့်က မနှစ်ကအတိုင်းပဲ။

နောက်တော့လည်း အိမ်တိုင်ရာရောက် ပစ္စည်းသစ်လိုက်ကြော်ငြာတဲ့ အရောင်းဝန်ထမ်းလေးလို မူမနေတော့ဘဲ သူဟာသူ ဝယ်ဝယ်မဝယ်ဝယ် ဇွတ်ထုတ်ပြရရော။

"ပြင်ဦးလွင်မှာ အကောင်းဆုံးလို့နာမည်ကြီးတဲ့ဆိုင်ကနေ စတော်ဘယ်ရီဝိုင်ဝယ်လာခဲ့တယ်၊ သူတို့က မျိုးရိုးစဉ်ဆက် ကိုယ်ပိုင်ခြံကနေ ဝိုင်လုပ်ကြတာတဲ့... ကိုကို ကြိုက်လား တစ်ချက်မြည်းကြည့်ပေး..."

Heartless December❄️ ZG version Where stories live. Discover now