အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ

8 2 0
                                    

❄️❄️❄️

"ခန့်ငယ်ကို ငါကာကွယ်မှာ..." တဲ့။

အဲ့ဒီစကားလုံးတွေက ကျွန်တော်နားစည်ကို အသာလေးရိုက်ခတ်လာခဲ့ရုံပဲ။ ဒါပေမယ့် တုန်ခါသွားတာက ကျွန်တော့်နှလုံးသားဖြစ်နေတယ်။

ကျွန်တော်... အဖြေရခဲ့တယ်။
ဒီရက်ပိုင်းကိုကို ခါတိုင်းနဲ့မတူ အပြုအမူတွေပြောင်းလဲပြီး သူလုပ်နေကျမဟုတ်တာတွေပါလိုက်လုပ်ရင်း ကျွန်တော့်ကို မျက်စိအောက်ကအပျောက်မခံလိုက်ကြည့်နေတာက ကျွန်တော့်ကို အာကာဝေယံ့ရန်ကနေ ကာကွယ်ပေးဖို့၊ ကျွန်တော့်လုံခြုံမှုကို သူ့မျက်စိနဲ့အတည်ပြုထားချင်လို့ ဆိုတဲ့အကြောင်းကို...။

နှလုံးသားလှုပ်ရှားသလို ခန္ဓာကိုယ်မလှုပ်ရှားမိအောင်ထိန်းရင်း ကျွန်တော် တိတ်တိတ်ပဲဆက်ချောင်းလိုက်တယ်။

အာကာဝေယံက ကိုကို့စကားကို ခဏတဖြုတ်တော့ အံ့ဩသွားဟန်ပြပေမယ့် ချက်ချင်းမျက်နှာထားကို သူ့ပုံစံအတိုင်း သွေးနားထင်ရောက်နေတဲ့ဟန်ပန်ဖြစ်အောင် ပြန်ထိန်းလိုက်ပြီး...။ 

"ကာကွယ်မယ်... ဟဟ... ထားပါတော့...
ခွန်း... မင်းကလည်း မင်းလို့မပြောရဘူး ဉာဏ်ပြေးတာပဲ၊ အဲ့ချာတိတ်နားမှာ မင်းတစ်ချိန်လုံးရှိနေရင် ငါဘာမှမလုပ်နိုင်မှန်း မင်းသိတယ်"

အင်း...။ ကိုကိုသိခဲ့တယ်။
ကျွန်တော့်မှာဖြစ်နေတဲ့ကိစ္စတွေက အာကာဝေယံ့လက်ချက်မှန်း သတိထားမိခဲ့လို့ပဲ ကျွန်တော့်ကိုလမ်းမထွက်အောင် ဆူလိုက်ငေါက်လိုက်လုပ်ရင်း၊ လမ်းထွက်ပြန်ရင်လည်း သူပါနောက်ကလိုက်လာရင်း၊ များသောအားဖြင့် သူ့ဆိုင်ကယ်နောက်ကလိုက်ခိုင်းရင်း ကျွန်တော့်ကိုကာကွယ်ပေးဖို့ ကြိုးစားနေခဲ့တာ။

နောက်ပြီး... ကျွန်တော် ကျောက်ပတ်တီးစည်းထားရတုန်းက
ကိုကို့အိမ်မှာအိပ်ပျော်သွားတဲ့အချိန် မက်ခဲ့တဲ့အိပ်မက်။
အဲ့ဒါက အိပ်မက်မဟုတ်ခဲ့ဘူးပဲ။

"တောင်းပန်ပါတယ်..." လို့ ပြောခဲ့တာက ဒါကြောင့်လား...။
ကိုကိုက သူ့ကြောင့်အပြစ်ရှိသလိုခံစားရလို့ ကျွန်တော့်ကိုထပ်ပြီး တောင်းပန်စကားပြောခဲ့ရတာလား...။

Heartless December❄️ ZG version Where stories live. Discover now