Explaining some stuffs

11 0 0
                                    


Harro everynyan~ Novella ပါ ฅ⁠^⁠•⁠ﻌ⁠•⁠^⁠ฅ ။
ဒီတစ်ခေါက်တော့ HD ရဲ့ main genre အကြောင်း နည်းနည်းရှင်းပြပါ့မယ်။ အစကတည်းက ရှင်းပြထားချင်ပေမယ့်
ဇာတ်လမ်းမ up ဘဲ author talk တွေများနေရင် အာရုံနောက်မှာစိုးလို့ အပိုင်း ၄၀ လောက်ထိအရင် run လိုက်တာ hlhl...။ ဒီ ads တော့ မ skip ပါနဲ့နော်။ educating section သဘောမို့ ဖတ်ပေးလိုက်ပါ။ ဖတ်ပေးမယ်မလား ။ thank kyuu ❣️

ကိုကိုနဲ့ခန့်ခန့်ကို တွဲစေချင်ပြီဆိုတဲ့သူတွေအတွက် chill နိုင်အောင် ကြိုပြောထားချင်လို့ပါ။ ကျွန်တော့်ရဲ့ H.D က main genre မှာ sitcom လို့ ရေးထားပါတယ်နော်။ sitcom ရဲ့သဘောအရ plot မြန်မြန်တက်ဖို့ကိုဦးစားမပေးဘဲ ဇာတ်လမ်းမှာပါသမျှ characters တွေရဲ့ စရိုက်သဘောနဲ့ရင်းနှီးလာအောင် အရင်လုပ်ပါတယ်။ ဟာသတွေပြောရင်း တစ်ယောက်ချင်းမိတ်ဆက်ရင်းနဲ့ပဲ ဇာတ်ကိုခရုသွားသွားတာမျိုးပါ။ ဇာတ်ကောင်တွေကြားထဲက bond ကိုလည်း ဖြေးဖြေးချင်း တည်ဆောက်ပြီး conflict တစ်ခုဝင်ပြီးတိုင်း ခိုင်မာသထက်ခိုင်မာလာစေတာမျိုး၊ plot နဲ့ story ထက် characters တွေကို ပိုအာရုံစိုက်စေချင်တာမျိုးပေါ့။ ဇာတ်လမ်းအတက်အကျထက် ဇာတ်ကောင်တွေအကြောင်းကို ပိုသိချင်လာလို့ စောင့်ကြည့်ရတဲ့ ဇာတ်လမ်းမျိုးတွေ ရှိဖူးတယ်မလား။ ဇာတ်လမ်းတစ်ခုလုံးကို ဇာတ်ကောင်တွေကပဲ လက်ဆင့်ကမ်းသယ်သွားတာမျိုးတွေ။ HD မှာလည်း အဲ့လိုပါ။ ဇာတ်လမ်းစကတည်းက တစ်လျှောက်လုံး ခန့်ခန့်ကို လေပေါခိုင်းပြီး character pov နဲ့သွားနေတာကိုပဲ ကြည့် ww။

Novella လည်း ခန့်ခန့်ကို မြန်မြန်ပျော်စေချင်ပါတယ် 😶 ။
စစချင်းကဆို တကယ်ကို ၁၆ပိုင်းစာ အတိုလေးပဲရေးဖို့တွေးခဲ့တာရယ်။ နောက်မှ ဘေဘီခန့်ရဲ့ character လေးက sitcom MC ‌လက္ခဏာတွေနဲ့ပြည့်စုံနေတာ သတိထားမိလို့ လုပ်ကြည့်မယ်ကွာဆိုပြီး main genre ယူချလိုက်တာ။ အဲ့တော့ ကိုယ်ယူထားတဲ့ genre ရဲ့ပုံစံမပျက်စေဖို့က လိုလာပြီ။

ဒီ genre မှာက ဒီလိုပါပဲ။ main plot နဲ့ character development အတွက် မဖြစ်မနေပါရမယ့် အလှည့်အပြောင်းတွေကလွဲရင် ဇာတ်လမ်းရဲ့သုံးပုံနှစ်ပုံလောက်မှာ ဒီလူဒီလူတွေက ဒီနေရာဒီနေရာမှာပဲ ဒီစကားဒီစကားတွေကိုပြောရင်း နေ့စဉ်ဘ၀ဆန်ဆန် လုပ်နေကျဟာတွေလုပ်ရင်း အလွဲတွေ၊ ဟာသတွေ၊ အချစ်အလွမ်းလိုခံစားချက်တွေ၊ အတွေးတွေ၊ ဆင်ခြင်စရာတွေနဲ့တွေ့ရင်း ဒါတွေနဲ့ပဲသွားနေမှာပါ။ နောက်ပိုင်းရောက်လာမှ dynamics တွေ စိပ်လာတတ်ပါတယ် (တချို့ sitcom တွေဆို comedy ပဲ ဦးစားပေးပြီး dynamics တောင် သိပ်မရှိပါဘူး)။ ဒါက sitcom ရဲ့ သဘာဝပါ။ wp မှာက sitcom fic မရှိသလောက်ရှားတော့ ဒီသဘာဝနဲ့ မကျွမ်းဝင်သေးတာကို နားလည်ပါတယ်။ local မပြောနဲ့ community တစ်ခုလုံးမှာတောင် ဒီ genre က ရေးတဲ့သူအနည်းဆုံးပါ။ ဒါပေမယ့် ကျွန်တော်က ကိုယ်အကြိုက်ဆုံး genre ကို local မှာ ပိုပြီးလူကြိုက်များလာအောင် ကြိုးစားနိုင်မလားလို့ စမ်းရေးကြည့်တာပါ။

Heartless December❄️ ZG version Where stories live. Discover now