❄️❄️❄️
ကိုကိုက စတွေ့တဲ့နေ့ကအတိုင်း တစ်စက်ကလေးမှမရွေ့ဘဲ
တစ်နေရာတည်းမှာပဲ ရပ်နေခဲ့တယ်။ ဘယ်ကိုမှဆက်မသွားဘဲ ဒီအတိုင်းရပ်နေခဲ့တာ။အဲ့ဒါတောင်မှ... အတတ်နိုင်ဆုံး ဆက်တိုက်ပြေးလာနေတဲ့ ကျွန်တော့်ခြေလှမ်းတွေက ကိုကို့ဆီကို မရောက်နိုင်သေးဘူး။
ကိုကိုဒီအတိုင်း ရပ်နေတာတောင်မှလေ...။"ဒီပုစ္ဆာက velocity ကိုမေးတာ ဘာလို့ mass ယူနစ်တွေ တပ်ထားတာလဲ..."
"အဲ... မှားသွားလို့..."
"ပြန်တွက်... ဒါပြီးရင်... Bio ပုံတွေ ပြန်ကြည့်မယ်"
"ဟုတ်..."
အဲ့နေ့ကစာလုပ်ရတာ စိတ်ပါဝင်စားမှု level zero ဖြစ်နေတာကြောင့် တစ်ပုဒ်ပြီးတစ်ပုဒ် ယူနစ်မှားလိုက်၊ ပုံသေနည်းမှားလိုက်နဲ့ပဲ မိနစ်သုံးဆယ်ကြာသွားတယ်။ လောလောလတ်လတ် test စစ်ထားတာက အမှတ်တွေကျလို့ နဖူးစပ်နေပါတယ်ဆို ဘယ်လိုတွေ ဟန်မဆောင်နိုင်အောင် စိတ်လေလွင့်နေမှန်းမသိပါဘူး။
"အဲ့ဒါ stomach လား square လား... "
"ဗျာ..."
ကို့ကိုအသံကြားမှ စာအုပ်ကို ကျွန်တော်ငုံ့ကြည့်လိုက်မိပါရဲ့။
Bio chapter-5 က ယုန်ရဲ့ အစာခြေစနစ်ကိုဆွဲနေရင်း
stomach ပုံက လေးထောင့်တုံးကြီးဖြစ်နေပါရောလား။"ဟုတ်သားပဲ၊ ဟီး... "
ကျွန်တော်အရှက်ပြေခေါင်းကုတ်လို့ ပုံကိုပြန်ဖျက်နေတုန်း ကိုကိုက သူ့မျက်မှန်လေးကိုအသာပင့်ရင်း စိုက်ကြည့်ပြီး ပြောလာခဲ့တယ်။
"ဘာဖြစ်နေတာလဲ... မင်း ဒီရက်ပိုင်းနေ့တိုင်းလိုလို စိတ်လွင့်နေတယ်၊ စာထဲလည်းစိတ်မပါဘဲ လုပ်လိုက်သမျှ အမှားတွေ အလွဲတွေနဲ့..."
"..."
"ဘေးအိမ်က ကြောင်ဝါကြီးမလာတော့လို့ လို့မပြောနဲ့...
ပြဿနာရှိရင် ငါ့ကိုပြောလို့ရတယ်"ပြဿနာရှိရင်တဲ့...။ အဲ့ပြဿနာက တကယ်ရော ပြောလို့ရရဲ့လား။
"ကိုကို..."
"အင်း..."
"ကျွန်တော့်ကို ဘာလို့မချစ်တာလဲ..."
YOU ARE READING
Heartless December❄️ ZG version
RomantikHD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အလွဲများနဲ့တစ်နှစ်တာကို ဆောင...