3

3.2K 512 29
                                    

အပိုင်း။ ၃

အရုဏ်ဦးရဲ့ကောင်းကင်ယံမှာ ကွေးကောက်ကောက် လကလေး ချိတ်တွယ်နေတုန်းပဲ၊ အေးမြတဲ့ လေနုအေးက အဆောင်တော်တွေနဲ့ ဥယျာဉ်အနှံ့ သဲ့သဲ့တိုးဝှေ့လာတယ်၊ ဆိတ်ငြိမ်အေးချမ်းဖို့ ရည်ရွယ်တဲ့ တရားအားထုတ်ရာ သီးသန့်အဆောင်က မနက်ခင်းစောစောမှာ လိုတာထက်ပိုပြီး အေးစက်နေခဲ့တယ်။

ရှောင်းကျန့်က ကုတင်စွန်းမှာ ဝင်ထိုင်ရင်း တစ်ဖက်လူကို စကားပြောနေတာ၊ သူ့ပုံစံလေးက နှင်းတောထဲကနေ စွန့်စွန့်စားစားဖြတ်ကူးပြီး နာမကျန်းဖြစ်နေတဲ့ ချစ်သူဆီ အလည်အပတ်လာတဲ့လူနဲ့ တူနေတယ်။

ဒါပေမဲ့ ပြောလိုက်တဲ့ စကားကတော့ ညှာတာမှုကင်းပြီး ကျောရိုးထဲ စိမ့်သွားစေဖို့ လုံလောက်တယ်။

"ဒါဆို ဘာလို့ မသတ်သေးတာလဲ"

ဝမ်ရိပေါ်ကတော့ အိပ်ရာပေါ်မှာ လဲလျောင်းနေတုန်းပါ၊ သူ့နှုတ်ခမ်းတွေက သွေးရောင် ကင်းမဲ့ကာ ဖြူဖွေးနေပြီး ဖန်ထည်ပစ္စည်းလို နုနယ်အားနည်းနေပုံပေါ်တယ်၊ တုံ့ပြန်လာတဲ့ လေသံအေးစက်စက်ကတော့ နည်းနည်းလေးမှ မာန်မလျှော့ဘူး။

"ဘာလို့ မသတ်သေးတာလဲ အရှင်မင်းသမီး"

၀မ်ရိပေါ် ထပ်မေးတယ်။

ရှောင်းကျန့်က ခါးပတ်မှာ တွယ်ထားတဲ့ ကျောက်စိမ်း နှစ်ထပ် အဆင်တန်ဆာကို ဆွဲယူကာ လက်ထဲမှာ လှည့်ပတ်ကာဆော့နေရင်း ညစ်ကျယ်ကျယ် ပြုံးလိုက်တယ်။

"မင်းက နည်းနည်း အသုံးဝင်နေသေးတာကိုး သာ့ရှီးရဲ့"

ဒီစကားကြားတော့ ဝမ်ရိပေါ်ရဲ့ မှုန်မှိုင်းနေတဲ့ ရေခဲရိုက်မျက်နှာက တစတစ မည်းမှောင်လာတယ်။

အဲဒီအချိန်မှာပဲ ရှောင်းကျန့်က ဝမ်ရိပေါ်ဘေးမှာ လှဲချလိုက်တယ်၊ ဝမ်ရိပေါ်လဲ လန့်ဖျပ်သွားပြီး ဘေးကို အလိုလျောက် ရှောင်လိုက်မိတော့ ဒဏ်ရာကို ထိသွားတာမို့ ဆိုးဆိုးရွားရွား နာကျင်သွားခဲ့တယ်၊ ရှောင်းကျန့်ကတော့ သတိမထားမိဘူး၊ လူတစ်ကိုယ်လုံးက သူများအပေါ်ကို ရောက်နှင့်နေပြီ။

"အရှင်မင်းသမီး မင်း__"

"ရှူး !"

ရှောင်းကျန့်ရဲ့ လက်ညိုးလေးက ဝမ်ရိပေါ် နှုတ်ခမ်းပေါ် ရောက်လာပြီး ညင်သာစွာ ဖိထားလိုက်တဲ့အခါ ဟယ်ရှန်ရဲ့ မျက်လုံးတွေက ရုတ်တရက် ပြူးကျယ်ကုန်တယ်၊ ရှောင်းကျန့်ဘက်က မျက်တောင်ခတ်လိုက်ရင်တောင် မျက်တောင်ဖျားတွေက သူ့မျက်နှာကို လာထိလုနီးနီး အခြေအနေထိ သူတို့နှစ်ယောက်က အလွန်အမင်း နီးကပ်နေကြတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now