43

2.6K 412 56
                                    

အပိုင်း။ ၄၃

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း။ ၄၃

နှစ်ဖက်လုံးက အလျှော့ပေးချင်စိတ် မရှိကြတာမို့ မျက်နှာချင်းဆိုင် အနေအထားအတိုင်း အကြည့်မလွှဲမိကြဘူး၊ နောက်တော့ ရှောင်းကျန့်က စိတ်တိုသွားပြီး လက်ထဲက ခေါင်းအုံးကို လွှင့်ပစ်လိုက်တယ်။

"ဟွန့်.. မအိပ်ခိုင်းရင် မအိပ်ရုံပဲပေါ့.. လူကို မျက်လုံးကြီးပြူးပြီး ကြည့်ပြစရာ မလိုပါဘူး"

"..."

"ပန်ကုန်း မင်းဆီမှာ လာအိပ်တယ်ဆိုတာ မင်းကို မျက်နှာသာပေးတယ်လို့ တွေးရမှာမဟုတ်ဘူးလား.. တခြားလူတွေဆီ.."

ရှောင်းကျန့်ခြေထောက် ကြမ်းပြင်ပေါ် ချလိုက်တဲ့အချိန်မှာပဲ ၀မ်ရိပေါ်ကလေသံမာမာနဲ့ ပြောလာတယ်။

"အပေါ်ပြန်တက်"

ရှောင်းကျန့်က ကုတင်အစွန်းမှာ ဆက်ထိုင်နေရင်း ၀မ်ရိပေါ်နဲ့ မျက်နှာချင်းမဆိုင်ဘဲ တစ်ဖက်လှည့်‌နေတယ်၊ ၀မ်ရိပေါ်လဲ ကူကယ်ရာမဲ့နေသလို ပင့်သက်ရှိုက်လိုက်မိတယ်။

အဲဒီနောက်တော့ ဆေးခွက်ကိုအနားယူလာပြီး ရှောင်းကျန်းကို ကမ်းပေးလိုက်တယ်။

"ဒီမှာအိပ်ချင်တယ်ဆိုလဲအိပ်ပါ.. ဒါပေမဲ့ ဆေးကိုတော့ ကုန်အောင်သောက်ရမယ်"

ရှောင်းကျန့်က ခွက်ထဲမှာရှိနေတဲ့ မည်းမည်းတူးတူးအရည်တွေကို ငုံ့ကြည့်တယ်၊ ပြီးတော့ ၀မ်ရိပေါ်ရဲ့စူပုတ်ပုတ်မျက်နှာကို ပြန်ကြည့်တယ်၊ နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချလိုက်ပြီး ဆေးရည်ကို တစ်ကျိုက်တည်း မော့ချလိုက်တယ်၊ ဒါပေမဲ့ ပန်းကန်အောက်ပြန်ချလိုက်တာနဲ့ ပြင်းထန်စွာ ချောင်းဆိုးသွားတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now