29

2.6K 458 53
                                    

အပိုင်း။၂၉

ဘာလို့များ ဒီလိုလှောင်ချိုင့်နဲ့တူတဲ့ နန်းတော်ထဲမှာ နေရတာလဲဆိုပြီး ဆရာသခင်ကို ရှောင်းကျန့် မေးခဲ့ဖူးတယ်။

ရှောင်းကျန့်က သူ့ဆရာသခင်ကို တုနှိုင်းမဲ့တဲ့သူ၊ သူ့ရဲ့ ဥာဏ်ပညာနဲ့ ထူးချွန်ထက်မြက်မှုကို ယှဉ်နိုင်တဲ့လူ ဒီလောကမှာမရှိဘူးလို့ကို သတ်မှတ်ထားတာ၊ ဆရာသခင်က လောကတခွင် လှည့်လည်ပြီး ပညာတွေ ဖြန့်ဝေနေသင့်တယ်၊ ဒီလိုညစ်ညမ်းတဲ့နန်းတော်ရဲ့ နံရံတွေထဲမှာ ပညာရှိအမတ်ချုပ်ရာထူးလောက်ယူပြီး ပိတ်မိနေတာမျိုး မဖြစ်သင့်ဘူးလို့ တွေးတယ်။

ဒါပေမဲ့ ဆရာသခင်ကတော့ လူတစ်ယောက်အတွက် အမြဲတမ်း အသင့်ရှိနေတဲ့လူ ဆိုတာမျိုးလဲ ရှိတယ်ဆိုပြီး ပြန်ပြောခဲ့တယ်။

ဆရာသခင် ပြောသလို သူများအတွက် အသက်ရှင်ဖို့ ရွေးချယ်တယ်ဆိုတာကို အဲဒီအချိန်တုန်းက ရှောင်းကျန့် ကောင်းကောင်း နားမလည်ခဲ့ဘူး၊ ကြီးပြင်းအရွယ်ရောက်လာမှသာ ဆရာသခင်က သူ့မယ်တော်အတွက် အတောင်အလက်တွေကို လိုလိုလားလား ချိုးခေါက်သိမ်းပြီး နန်းတွင်းမှာ ဘ၀ကိုမြုပ်နှံခဲ့တယ်ဆိုတာ သိလာခဲ့တယ်။

အဲဒါကတန်လို့လား?

ရှောင်းကျန့်က ဆရာသခင်ကို ထပ်မေးခဲ့တယ်၊ ဒါပေမဲ့ အဖြေမရခဲ့ဘူး။

နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်တော့ ဒီမေးခွန်းကို ဒုတိယအကြိမ်မြောက်အဖြစ် နောက်တစ်ယောက်ကို ထပ်မေးချင်လာမိတယ်။

ဒီလောက်ထိလုပ်ဖို့ တန်လို့လား?

ဒါပေမဲ့ ချောက်ကမ်းပါးအောက် ပြုတ်ကျလာတုန်းက သူ့ကို လုံခြုံအောင်ကာကွယ်ပေးခဲ့တဲ့ ၀မ်ရိပေါ်ကတော့ ဒီမေးခွန်းကို မကြားနိုင်တော့ဘူး။

"၀မ်ရိပေါ် ! ၀မ်ရိပေါ် !"

ရှောင်းကျန့်က ၀မ်ရိပေါ် မျက်နှာကို လက်ချောင်းလေးတွေနဲ့ပုတ်ပြီး နှိုးကြည့်တယ်၊ ဒါပေမဲ့ ဒီလူက မျက်လုံးကို တင်းတင်းကျပ်ကျပ် ပိတ်ချထားရုံမက အသက်ရှူနှုန်းကလဲ အင်မတန် အားပျော့နေတယ်။

ရှောင်းကျန့် ပတ်၀န်းကျင်ကို လှမ်းပြီးအကဲခတ်တယ်၊ သူတို့က အောက်ခြေမှာ ရောက်နေတာ၊ အနီးအနားမှာ ဘာသံမှ မကြားရဘဲ တိတ်ဆိတ်နေတယ်၊ ချောက်နက်ကြီးထဲမှာ သူ့ကိုတုံ့ပြန်လာတာက သူကိုယ်တိုင် လှုပ်ရှားလိုက်လို့ ထွက်လာတဲ့ ပဲ့တင်သံ တချို့ပဲ။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now