33

2.6K 473 60
                                    

အပိုင်း။ ၃၃

မင်္ဂလာအခမ်းအနား ကျင်းပတဲ့နေ့မှာတော့ ရွာထဲမှာ ပိုစည်ကားတယ်၊ ထုံးတမ်းအရ သတို့သားဘက်က ၃ရက်တိုင်တိုင် ဧည့်ခံပွဲလုပ်ပြီး ရွာလုံးကျွတ် ဖိတ်ကျွေးရတယ်၊ ပြင်ပလောကကနေ နှစ်ပေါင်းများစွာ ပုန်းကွယ်နေတဲ့ တောင်ကြားက အခုလက်ရှိမှာတော့ ရှားရှားပါးပါး ပျားပန်းခပ်လှုပ်ရှားနေတယ်၊ အိမ်တိုင်းအလိုလိုက မီးပုံးအနီတွေ ပဝါအနီတွေ ထွန်းညှိအလှဆင်ပြီး အသစ်စက်စက် ဇနီးမောင်နှံအတွက် ကောင်းချီးပေးတယ်။

ရွာလယ်မှာ တီးမှုတ်သံတွေနဲ့ ဆူညံနေပေမဲ့ တစ်နေရာမှာတော့ အမည်းရောင် အရိပ်တစ်ခု တိတ်တဆိတ် လှုပ်ရှားနေခဲ့တယ်၊ အဲဒီအရိပ် ပြတင်းပေါက်ကို ကျော်တက်ဖို့ လုပ်နေတုန်းမှာပဲ အနောက်ကနေ လက်ကိုဖမ်းဆွဲထားတာကို ခံလိုက်ရတယ်။

"အား ! အား ! နာတယ်လို့"

သွားကြားထဲက ထွက်လာတဲ့အသံနဲ့အော်တော့မှ ဆွဲထားတဲ့လူက ပြန်လွှတ်ပေးတယ်၊ ရှောင်းကျန့် လှည့်ကြည့်တော့ ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိတဲ့ ဝမ်ရိပေါ်ကို လရောင်အောက်မှာ တွေ့ရတယ်၊ သူ့လက်ထဲမှာတော့ လခြမ်းပုံသဏ္ဍာန် မီးပုံတစ်ခု ကိုင်ထားတယ်။

"မင်းဘာလာလုပ်တာလဲ?"

ရှောင်းကျန့် မေးလိုက်တယ်။

"အရှင်မင်းသမီးကကော ဒီမှာဘာလုပ်နေတာလဲ?"

ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ ခိုးကြောင်ခိုးဝှက်အနေအထားကို ပြန်လည်မေးခွန်းထုတ်လာတယ်၊ ရှောင်းကျန့်က မေးမော့ပြီး ပြောင်ပြောင်တင်းတင်းပဲ ဖြေတယ်။

"သေရည်ခိုးသောက်မလို့လေ"

ဝမ်ရိပေါ်က ပြောစရာမဲ့သွားပုံနဲ့ ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်နေတယ်၊ ရှောင်းကျန့်ကလဲ လူမိသွားတာတောင် နည်းနည်းလေးမှ မရှက်ဘူး၊ ပြတင်းပေါက်ကနေ ဆက်ခိုးဝင်ဖို့ လုပ်နေရင်း ဝမ်ရိပေါ်ကို ပြောတယ်။

"မင်းရောက်လာတာနဲ့ အတော်ပဲ.. ပန်ကုန်းရဲ့ဝတ်စုံအောက်နားကို ခဏကိုင်ထားပေးပါ.. အဲဒီဟာက ကြမ်းမှာ တရွတ်တိုက်ဆွဲနေတယ်.. မဟုတ်ရင် အာ့မြောင်ငါ့ကို နားပူနေအုံးမယ်"

He Dufo [何渡佛] •COMPLETED•Where stories live. Discover now