42

2.5K 439 84
                                    

အပိုင်း။ ၄၂

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း။ ၄၂

အပြင်လောကမှာ ရှုပ်ထွေးမှုတွေ ရှိနေတုန်းပဲ၊ လှည်းရဲ့ ပြတင်းပေါက်မှာ မီးတုတ်တွေဆီကလာတဲ့အလင်းတွေ လာဟပ်တဲ့အခါ မျက်ခုံးတန်းလေးတွေ တွန့်ချိုးနေတဲ့အထိ စိတ်ဆိုးနေတဲ့ ရှောင်းကျန့်ပုံစံလေးက ပိုသာသွားတယ်။

၀မ်ရိပေါ် ငြိမ်ကျသွားပြီး သူ့လုပ်ရပ်သူ ပြန်သုံးသပ်လိုက်မိတယ်၊ သတိလက်လွတ် ပြုမူမိခဲ့တဲ့အတွက် ၀မ်ရိပေါ် ပြုံးမိသွားတယ်၊ ဒီလိုကိစ္စလေးတစ်ခု‌ကြောင့်နဲ့ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ကလေးလို ရန်လုပ်မိသွားခဲ့တာလား။

လက်ရှိမှာ ကလေးစိတ်ဖြစ်နေတဲ့ ရှောင်းကျန့်က နှုတ်ခမ်းတလန် ပန်းတလန်နဲ့ ဆက်ပြီးရန်ထောင်ချင်သေးတာ၊ ဒါပေမဲ့ တစ်ဖက်လူ ရယ်လိုက်တာကိုမြင်တော့ သူ့ကို ရယ်စရာလိုသဘောထားတယ် ထင်သွားပြီး ပိုတောင်စိတ်ဆိုးသွားတယ်။

"မင်း..မင်း ဘာရယ်တာလဲ?"

၀မ်ရိပေါ်က ခေါင်းပဲခါပြပြီး လက်ကိုပြန်လွှတ်ပေးလိုက်တယ်၊ အဲဒီနောက်တော့ ရှောင်းကျန့်ရဲ့ နှုတ်ခမ်းထောင့်တွေကို လက်ကိုင်ပဝါနဲ့ သုတ်ပေးပြီ။

"ပါးစပ်မှာ မုန့်တွေပေနေတယ်"

အခုမိုးရွာလိုက်၊ အခုနေပူလိုက်နဲ့ အပြောင်းအလဲ အတက်အကျမြန်တဲ့ ၀မ်ရိပေါ်ရဲ့ အပြုအမူကြောင့် ရှောင်းကျန့် စိတ်ရှုပ်ထွေးသွားတယ်၊ ဒါကြောင့် ၀မ်ရိပေါ်ကို အဖက်မလုပ်တော့ဘဲ ဟွန့်ခနဲ နှာမှုတ်ကာ ၀တ်ရုံစကိုမပြီး လှည်းအောက်ဆင်းဖို့လုပ်တယ်။

ကန့်လန့်ကာ ဖွင့်ကြည့်လိုက်ချိန်မှာတော့ အပြင်မှာ ရှုပ်ထွေးနေသေးတာကို တွေ့လိုက်ရတယ်၊ အစောင့်အဖွဲ့တွေထဲမှာ သေသွားတဲ့လူတွေကော ဒဏ်ရာပြင်းထန်တဲ့လူတွေပါ ရှိတယ်၊ လှည်းပေါ်က ဆင်းလာတဲ့ ရှောင်းကျန့်က လဲကျသေနေတဲ့လုပ်ကြံသူတွေရဲ့မျက်နှာကို လှမ်းကြည့်ရင်း‌ ပြောလာတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now