အပိုင်း။ ၉၁
မင်ကျောက်နယ်စပ်မြို့ရဲ့ ရာသီဥတုက ကြမ်းတယ်၊ ယာယီတဲတွေရဲ့နံရံကို သဲရောလေပါ တစ်ချိန်လုံး ဝင်တိုးနေတဲ့အခါ အသံတွေဆူနေတယ်။
မီးဖိုပေါ်က အဆီရွှဲပြီး ကြွပ်ရွနေတဲ့ ဆတ်ကောင်လုံးကင်ရဲ့ မွှေးပျံ့လှတဲ့ရနံ့နဲ့ တန်ဖိုးကြီး ဘာလီဝိုင်ပြင်းပြင်းရဲ့ရနံ့က ယာယီတဲရဲ့လေထုထဲမှာ အပြည့်အ၀ နေရာယူတယ်၊ ပါးလွှာတဲ့ပေါ်ပေါ်လော်လော်ဝတ်ရုံကို
ဝတ်ဆင်ထားတဲ့ ကချေသည်လေးက ကြမ်းခင်းပေါ်မှာ ခြေဗလာနဲ့ဒူးထောက်ပြီး ခွက်ထဲကို ဝိုင်ငှဲ့ပေးနေတယ်၊ လှုပ်ရှားလိုက်တိုင်း လက်မှာဝတ်ထားတဲ့ ငွေရောင်အဆင်တန်ဆာတွေဆီက အသံထွက်လာတယ်။ယွီဝမ်ချန်းက သေရည်ခွက်ကို ကောက်ယူလိုက်ပြီး စစ်သူကြီးတွေကို ပြောတယ်။
"အားလုံးစိတ်မပူပါနဲ့.. အောင်မြင်သွားရင် မင်းတို့အားလုံးက အင်ပါယာအသစ်တည်ထောင်သူ စစ်သူကြီးတွေ ဖြစ်လာပြီး အဆုံးမရှိတဲ့ဂုဏ်ပြုချီးမြှင့်မှုတွေကို လက်ခံရမှာပါ.. ကိုယ်တော်ကလဲ မင်းတို့ရဲ့သစ္စာရှိမှုနဲ့ အကူအညီကို ထာဝရအမှတ်ရနေမှာပါ"
ပြီးတာနဲ့ မတ်တပ်ရပ်ကာ သေရည်ခွက်ကို မြင့်မြင့်မြှောက်ကိုင်ပြီး အင်ပြည့်အားပြည့်နဲ့။
"ချူရှောင်းအတွက်!"
စစ်သူကြီးတွေကလဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကုန်တယ်၊ အဲဒီနောက်တော့ ထိပ်ဆုံးဘယ်ဘက်ခုံမှာ ထိုင်နေတဲ့သူက စတင်ကာ ဝိုင်ခွက်ကို မြှောက်ကိုင်လိုက်ပြီး။
"ချူရှောင်းအတွက်!"
ယာယီတဲထဲမှာ သဘောတူသံတွေ ကျယ်လောင်စွာ ထွက်လာတဲ့အချိန်မှာပဲ တဲအပြင်ကနေ မြင်းဟီးသံကို ကြားလိုက်ရတယ်။
YOU ARE READING
He Dufo [何渡佛] •COMPLETED•
Fanfiction"အမှန်စင်စစ် အတွင်းအထိ ဗလာနတ္ထိ ဖြစ်ရိုးမှန်ရင် ဘယ်လိုကြောင့် ငါ့ကို မကြည့်ဝံ့သလဲ" ⚠️ BJYX, Yizhan, Adventure, Romance, Angst, Historical, Monk and Princess. I do not own this story. Fan translation. All rights reserved to the original author : 橘子...