87

2.2K 451 66
                                    

အပိုင်း။ ၈၇

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း။ ၈၇

ချူရှောင်းမှာ ဆောင်းရာသီက ရှည်ကြာစွာမင်းမူပြီး နွေဦးကာလရဲ့ နေရောင်ခြည်တန်းလေးတွေရဲ့ သက်တမ်းကတော့ တိုတောင်းလွန်းတယ်၊ မျက်စိတစ်မှိတ်အတွင်းမှာပဲ မိုးရာသီ ရောက်လာခဲ့တယ်၊ အချိန်အများစုမှာ မိုးများပြီး မြေပြင်ကို ရိုက်ခတ်တဲ့မိုးသံက ဗုံတစ်လုံးတီးနေသလို ကျယ်လောင်တယ်၊ လတ်တလောမှာ နိုင်ငံရေးအခြေအနေကလဲ မငြိမ်မသက်ဖြစ်နေတယ်။

စစ်ဖြစ်ဖို့တာဆူနေတာမို့ တစ်ခါတရံ သံချပ်ကာဝတ်စုံတွေနဲ့ သွားလာနေတဲ့အသံတွေကို ရှောင်းကျန့် ကြားနေရတယ်၊ အရှေ့နန်းဆောင်ကို လာရောက်တွေ့ဆုံကြတဲ့လူအများစုက စစ်သူကြီးတွေဖြစ်နေတယ်၊ အခြေအနေက တစ်နေ့တခြား တင်းမာလာတာကို မြင်နေရတယ်၊ ဝမ်ရိပေါ် သူ့အိပ်ဆောင်ကို နေ့တိုင်းလာသေးလား ရှောင်းကျန့်မသိဘူး၊ ဝမ်ရိပေါ်ကိုတွေ့ဖို့ တစ်ညလုံးလဲ မစောင့်နေနိုင်ဘူး။

ငွေချူလုံးခြေကျင်းကတော့ ပြန်ရဖို့လမ်းမမြင်တာမို့ ရှောင်းကျန့် စိတ်လျှော့ထားတယ်။

ဝမ်ရိပေါ်တံခါးပေါက်ကနေ ဝင်လာတာနဲ့ မြင်သာအောင် သူပေးထားတဲ့ ကျောက်စိမ်းပြားကို စားပွဲပေါ်မှာ တင်ထားပေးလိုက်တယ်၊ ဒီလိုပုံစံနဲ့ သူ့သဘောထားကို ဝမ်ရိပေါ်နားလည်သွားဖို့ မျှော်လင့်ခဲ့တယ်၊ ဒါပေမဲ့ ရက်များစွာကြာလာပြီး ကျောက်စိမ်းပြားမှာ ဖုန်တွေသာတင်သွားတယ်၊ အဲဒီပစ္စည်းကတော့ နေရာရွေ့မသွားဘူး။

နောက်ပိုင်း ဝမ်ထျင်းရှီရောက်လာတော့ အဲဒီကျောက်စိမ်းပြားကို မြင်သွားတယ်၊ သူ့နေရာကနေတော့ ဘာပြောနိုင်မှာလဲ၊ ရှောင်းကျန့် မမြင်အောင် ပင့်သက်ခိုးရှိုက်ရုံပဲပေါ့။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now