13

2.7K 462 56
                                    

အပိုင်း။ ၁၃

သိပ်မကြာခင်မှာပဲ ရှောင်းကျန့်က ဆန်အိတ်တစ်အိတ် လက်ဆွဲပြီး ပြန်ရောက်လာတယ်၊ သူက ဆန်အိတ်ကို ကိုရင်လေးရဲ့ လည်ပင်းမှာ ချိတ်ပေးဖို့လုပ်ရင်း ပြောတယ်။

"ဒီမှာကြည့်.. ငါမင်းကို မလိမ်ဘူးနော်"

သူ့ဘက်က ဆန်ထုပ်ကို မယူလိုက်နိုင်ခင်မှာဘဲ ဝမ်ရိပေါ်က လမ်းတစ်ဝက်ကနေ ဖြတ်ယူလိုက်တာမို့ ကိုရင်လေး အံ့အားသင့်သွားတယ်၊ ရုပ်ရည်ချောမောပြီး ကြည့်ကောင်းတဲ့ ဟယ်ရှန်က ဒီလိုမျိုး သူများပစ္စည်း လုယက်တတ်မယ်လို့ သူမှမထင်ခဲ့တာ။

အဲဒီနောက်တော့ ဝမ်ရိပေါ်က တည်ငြိမ်စွာ ပြောလာတယ်။

"မင်းနဲ့အတူ လိုက်ခဲ့မယ်"

"လိုက်မယ်? ဘယ်ကိုလဲ?"

ရှောင်းကျန့် နားမလည်နိုင် ဖြစ်သွားတယ်၊ ဝမ်ရိပေါ်ကတော့ ဆန်အိတ်ကိုဆွဲထားရင်း ရွာအပြင်ဘက်ကို ထွက်သွားခဲ့ပြီ။

လရောင်က အေးချမ်းတယ်၊ တောထဲမှာတွေ့ရတဲ့ လရောင်ကတော့ ဝမ်ရိပေါ်ရဲ့ဝတ်စုံတွေလောက် မဖြူဘူး၊ သူ့အရှေ့မှာ လှုပ်ရှားယိမ်းနွဲ့နေတဲ့ ဝတ်ရုံအနားတွေကို ရှောင်းကျန့် လိုက်ကြည့်နေမိတယ်။

ဝမ်ရိပေါ် ဘာတွေကြံနေသလဲ၊ ရှောင်းကျန့် တကယ် မတွေးတတ်ဘူး။

ကိုရင်လေးကတော့ ခေါင်းပြောင်ပြောင်လေးကို ကုတ်လုပ်ရင်း လိုက်လာတယ်၊ သူ့မျက်လုံးတွေက ဝမ်ရိပေါ်လက်ထဲက ဆန်ထုပ်ကနေ မခွာဘူး၊ သူ့ကို ဆန်ထုပ်မပေးတော့မှာ စိုးရိမ်နေတာကြောင့် လူကြီးနှစ်ယောက်ခိုင်းတဲ့အတိုင်း အရှေ့ကနေလမ်းပြပြီး ခေါ်သွားပေးဖို့ပဲ သူတတ်နိုင်တယ်။

အမွေးတိုင်တစ်တိုင်စာ အကုန်လောက် သွားပြီးချိန်မှာတော့ ဂျုံခင်းတွေရဲ့အဆုံးမှာ ဘုံကျောင်းအပျက်တစ်ခုကို တွေ့လိုက်ရတယ်။

အပြာရောင် အုတ်ခဲတွေနဲ့ အဝါရောင်နံရံတွေမှာ ကြည့်ရဆိုးလောက်အောင် အညှိတွေတက်နေတယ်၊ လှေကားထစ်မှာလဲ ချုံတွေ ပေါင်း‌တွေ ဖုံးလွှမ်းနေတယ်၊ တံခါးမှာချိတ်ထားတဲ့ မီးပုံးတွေက မူလအရောင်ကွယ်ပျောက်ကာ သံချေးတက်နေတာကြောင့် လေတိုးလိုက်တိုင်း ကြက်သီးထဖွယ် တကျွီကျွီ အသံတွေ ကြားရတတ်တယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now