18

2.9K 439 86
                                    

အပိုင်း။ ၁၈

"အဲဒီ မြည်းခေါင်းတုံးက မင်းကိုများ ကြိုက်နေသလား?"

ရှန့်ကွမ်မော့ပေဆီက ဒီစကားကြားလိုက်တာနဲ့ ရှောင်းကျန့်မှာ တံတွေးသီးပြီး ချောင်းတဟွတ်ဟွတ် ဆိုးတော့တယ်၊ ရှန့်ကွမ်မော့ပေလဲ စိုးရိမ်တကြီး ဖြစ်သွားပြီး ရှောင်းကျန့်ကျောကို ပုတ်ပေးလာတယ်။

"တကယ်ကြီးလား?"

ရှောင်းကျန့်က အငြင်းဆန်တဲ့စကားနဲ့ တုံ့ပြန်လိုက်တယ်။

"မင်းလိုကလေးက ဘာသိမှာလဲ"

"ကျုပ်ကို နားမလည်ဘူးလို့ ပြောတယ်ပေါ့"

ရှန့်ကွမ်မော့ပေက မကျေမနပ် ဖြစ်သွားဟန်နဲ့ ကျယ်ကျယ်လောင်လောင် စပြောတယ်။

"မင်းရဲ့အဆိပ်က ကုဖို့ဆေးမရှိဘူးလို့ သမားတော်က ပြောတာ.. အဲဒီ ခေါင်းတုံးက မင်းဆီက အဆိပ်တွေကို အချိန်မီ စုပ်ထုတ်ပေးလို့သာ အသက်ရှင်သွားတာ"

"ဒါပေမဲ့ သူ သုံးတဲ့နည်းလမ်းက အန္တရာယ်များလို့ ပြောချင်တာ.. အဆိပ်သွေးနဲ့ တိုက်ရိုက်ထိမိရင် အဆိပ်သင့်ဖို့ အလားအလာ ပိုများတာ လူတိုင်းသိတယ်..ဒါကိုသူက အသက်အသေခံပြီး စွန့်စွန့်စားစားနဲ့ မင်းကိုကယ်ခဲ့တာ..ကဲ သူ့စိတ်ထဲမှာ မင်းမရှိဘူးဆိုတာ ဖြစ်နိုင်မလား?"

ရှောင်းကျန့်က ရှန့်ကွမ်မော့ပေဘက်ကို မျက်စောင်းခဲကြည့်ပြီး လေသံမှန်မှန်နဲ့ပဲ တုံ့ပြန်တယ်။

"အထင်ကရ ဟယ်ရှန်တစ်ယောက်ကို မဟုတ်တာ လျှောက်ပြောပြီး နာမည်ဂုဏ်သတင်း ထိခိုက်အောင် မလုပ်နဲ့..သူ့မှာလဲ ထိန်းသိမ်းရမဲ့ ကျင့်ဝတ်သိက္ခာတွေ ရှိတယ်"

ရှန့်ကွမ်မော့ပေက ခေါင်းကုတ်လိုက်ပြီး။

"ဒီလိုဆိုရင်တော့ နှမျောစရာပဲ.. သူက ဒီလောက်ကြည့်ကောင်းတာ.. ဘာလို့များ တရားဘောင်ဝင်တာလဲ မသိဘူး"

ရှန့်ကွမ်မော့ပေ ပါးစပ်က ဖွင့်ပြီးရင် အတောမသတ်နိုင်ဘူး။

"သူ့ကို လူထွက်ခိုင်းပြီး အချစ်တော် လုပ်ခိုင်းလိုက်ပါလား.. အတင်းအကျပ် ဖိအား‌ပေးတာမျိုး မင်းမလုပ်ဖူးတာမှ မဟုတ်တာ.. ကျုပ်အစား သူ့ကိုခေါ်ထားပြီး.. ကျုပ်ကို ပြန်လွှတ်ပေးလိုက်လေ"

He Dufo [何渡佛] •COMPLETED•Where stories live. Discover now