37

2.3K 436 57
                                    

အပိုင်း။ ၃၇

နှင်းထူထပ်နေတဲ့ တောင်ကြောထက်မှာတော့ မြင်မြင်သမျှအရာအားလုံး ဖြူ‌ဖွေးနေလေတယ်၊ နှင်းတောထဲမှာ ထိုင်နေတဲ့ မိန်းမငယ်လေးရဲ့ခန္ဓာကိုယ်က အနည်းငယ် တုန်ရီနေတယ်၊ သူ့ရဲ့သက်ပြင်းချသံနဲ့အတူ အဖြူရောင်အငွေ့ တချို့ လေထုထဲကို တိုးထွက်လာတယ်၊ လက်ရှိမှာ အနွေးဓာတ်ရှိနေတဲ့ တစ်ခုတည်းသောနေရာက သွေးပေနေတဲ့ သူ့ရဲ့လက်‌ချောင်းထိပ်တွေပဲ။

"နင်ရူးနေတာလား.. ဘာလို့ရှေ့ကိုဝင်လာတာလဲ!?"

ဒဏ်ရာကို အရေးပေါ်ကုသပေးနေတဲ့ အာ့မြောင်က ဆူဆူပူပူလုပ်ရင် ပတ်တီးကို တင်းကျပ်ပစ်လိုက်တော့ သစ်ပင်ကို မှီနေတဲ့ ရှန့်ကွမ်မော့ပေမှာ နာကျင်မှုနဲ့အတူ ရှုံ့တွသွားပြီး။

"ငါမဝင်ရင် နင့်ကို ခြစ်မိသွားမှာပေါ့"

ရှောင်းကျန့်က ပြန်လာမယ်ပြောထားတဲ့ အချိန်‌ကျော်တဲ့ထိ ပြန်ရောက်မလာဘူး၊ ဒါနဲ့ပဲ မနက်စောစော ရွာကနေ တိတ်တဆိတ် ခိုးထွက်ပြီးလိုက်ရှာတော့မဲ့ အာ့မြောင်ကို ရှန့်ကွမ်မော့ပေက ဖမ်းမိသွားတယ်၊ ဒီကလေးမ သတ္တိရှိတာသိပေမဲ့ တောင်ပေါ်ကို မိန်းကလေးတစ်ယောက်တည်း ဘယ်လိုလုပ်ပြီး စိတ်ချလက်ချ လွှတ်လိုက်နိုင်မှာလဲ၊ ဒါကြောင့် ရှန့်ကွမ်မော့ပေပါ အတူလိုက်လာ ဖြစ်သွားတာ။

နှစ်ယောက်သား တောင်ပေါ်ရောက်တော့ တိုက်ခိုက်ထားတဲ့ ခြေရာလက်ရာတွေအပြင် နှင်းဝံပုလွေရဲ့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်‌အောက်ပိုင်းကိုပါ ရှာတွေ့ခဲ့တယ်။

ရှောင်းကျန့်ကို ဆက်ပြီးခြေရာခံဖို့ လုပ်နေတုန်းမှာပဲ ပြင်းထန်လှတဲ့ သွေးညှီနံ့ကြောင့် လင်းတတစ်အုပ် ရုတ်ချည်း ပေါ်လာတယ်၊ သူတို့က အနီးမှာရှိတဲ့ အာ့မြောင်မျက်နှာကို လက်သည်းနဲ့ ကုတ်ခြစ်ပြီး ရန်ပြုတယ်၊ အဲဒီအချိန်မှာပဲ ရှန့်ကွမ်မော့ပေက အာ့မြောင်အရှေ့မှာ ဝင်ကာပေးလိုက်တာမို့ လည်ပင်းနဲ့လက်မောင်းမှာ စုတ်ပြဲဒဏ်ရာတွေ ရကုန်တယ်။

သွေးမတိတ်နိုင်တဲ့ ရှန့်ကွမ်မော့ပေရဲ့ဒဏ်ရာကို ကြည့်နေရင်း အာ့မြောင် ငိုမဲ့မဲ့ဖြစ်လာတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now