27

2.6K 441 28
                                    

အပိုင်း။ ၂၇

ဆုတောင်းခန်းမထဲမှာ ပန်းနတ်ဘုရားမ ကျောက်စိမ်းရုပ်ထု ရှိတယ်၊ သူ့အရှေ့မှာတော့ ဆုတောင်းဝတ်ပြုသူတွေ လှူဒါန်းထားခဲ့တဲ့ ပန်းတွေအပြည့်ပဲ၊ ပန်းရနံ့တွေက အေးမြတဲ့ စန္ဒကူးနံ့သာနဲ့ ရောထွေးနေတဲ့အခါ လေထုက ပိုပြီးနှစ်လိုဖွယ် ကောင်းသွားတယ်၊ တစ်ခါတလေမှာတော့ အပြင်က လေပြေလေညင်းတွေ ဝင်လာပြီး ပန်းရနံ့တွေကို သယ်ဆောင်သွားလေ့ ရှိတယ်။

အခုအခိုက်အတန့်မှာတော့ ဆုတောင်းခန်းမထဲမှာ တိတ်ဆိတ်သွားတယ်၊ ခပ်မြန်မြန် လောင်ကျွမ်းသွားတဲ့ အမွှေးတိုင်ပြာ အောက်ကိုကြွေကျသွားရင်တောင် အသံကြားရလိမ့်မယ်ထင်တယ်။

ယွင်ညန်မျက်နှာက လီလီပန်းလို ဖြူရော်နေပေမဲ့ နှုတ်ခမ်းပေါ်က ပြေပြစ်တဲ့အပြုံးကတော့ အရောင်မလွင့်သေးဘူး၊ သူက ကြမ်းပြင်မှာကျနေတဲ့ အမွှေးတိုင်ပြာတွေကို ငုံ့ကြည့်နေရင်း ညင်သာစွာ ပြောတယ်။

"ပန်းနတ်ဘုရားမ ပြောချင်တာကို ယွင်ညန် ဘာလို့နားမလည်တာလဲ"

ယန်လီကလဲ မျက်ကလူးဆန်ပျာနဲ့ ဝင်မေးတယ်။

"ဒါ_ဒါက ဘာကိုပြောချင်တာပါလဲ?"

ရှောင်းကျန့်က မတ်တပ်ရပ်ပြီး အေးစက်စွာ ပြောတယ်။

"ဟိုနေ့က ဂူထဲမှာတိုက်ခိုက်ကြတုန်းက လူသတ်သမားရဲ့ ဘယ်ဘက်ပခုံးမှာ ဓားဒဏ်ရာရသွားတယ်..ယွင်လောင်ရှီးရဲ့ ဘယ်ဘက်ပခုံးမှာလဲ ဒဏ်ရာရှိနေတယ်.. ပြောကြည့်လေ ဒါကဘယ်လိုလုပ်ပြီး တိုက်ဆိုင်မှုဖြစ်နိုင်ပါ့မလဲ?"

ယွင်ညန်ရဲ့ပခုံးဒဏ်ရာကို သေချာမြင်ရအောင်ကြည့်ဖို့ ယန်လီက ချက်ချင်း အရှေ့တိုးလာတယ်၊ ဒါပေမဲ့ ယွင်ညန်က သူ့အင်္ကျီကို ဦးအောင်ဆွဲတင်လိုက်ပြီမို့ ဒဏ်ရာမရှိတဲ့ ရင်ဘက်အပေါ်ပိုင်းကိုပဲ မြင်ရတော့တယ်၊ အဲလိုဖရိုဖရဲပုံစံက သူ့ကို ပိုပြီး ဆွဲဆောင်မှုရှိသွားစေတယ်။

"ပခုံးမှာ ဒဏ်ရာရှိရုံနဲ့ ယွင်ညန် လုပ်တာပါဆိုပြီး သက်သေပြနိုင်ပါ့မလား?"

သူက တည်တည်ငြိမ်ငြိမ်ပဲ ဆက်ပြောတယ်။

"ညကသင်တန်းကျောင်းမှာ သူခိုးဝင်လို့ ယွင်ညန်က ကံဆိုးပြီး ဒဏ်ရာရသွားတာ.. ဘာအကြောင်းကြောင့်များ ယွင်ညန်ကပန်းနတ်ဘုရားမကို ထိခိုက်အောင် လုပ်မှာလဲ?"

He Dufo [何渡佛] •COMPLETED•Where stories live. Discover now