49

2.2K 417 43
                                    

အပိုင်း။ ၄၉

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း။ ၄၉

ဧကရာဇ်က ဂုဏ်ပြုညစာစားပွဲမပြီးခင် ထပြန်သွားပြီး မိဖုရားခေါင်ကြီးကတော့ နေရာမှာပဲ ကျန်ရစ်ခဲ့တယ်၊ သူ့ရဲ့လှပတဲ့မျက်နှာမှာတော့ အတွေးမျိုးစုံနဲ့ အရောင်မျိုးစုံနဲ့ ပြည့်နှက်နေတယ်။

ပွဲမှာရှိတဲ့လူတွေကလဲ စားဖို့သောက်ဖို့ စိတ်မဝင်စားတော့ဘူး၊ ကောင်းကင်မှာ ပေါ်လာတဲ့ ထူးဆန်းအံ့သြဖွယ်ရာ နဂါးအကြောင်းကိုသာ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံနဲ့ ဆွေးနွေးပြောဆို နေကြတော့တယ်၊ ဒီကိစ္စကြောင့် ပွဲလာတက်တဲ့ ဝန်မင်းတွေ၊ အမတ်တွေရဲ့စိတ်ထဲမှာ တွက်ချက်မှုတွေရှိလာတာက ငြင်းလို့မရတဲ့ အမှန်တရားပဲ။

နန်းလျာမင်းသား တစ်လပြည့်မွေးနေ့မှာ ကောင်းကင်မှာ နဂါးအစစ်ပေါ်လာတယ်ဆိုတဲ့သတင်းက မနက်မိုးသောက်တာနဲ့ ရပ်ရွာအနှံ့ ကြေညာမောင်းခတ်စရာမလိုဘဲ ပျံ့နှံ့သွားလိမ့်မယ်၊ မင်းသားက တစ်နှစ်မပြည့်ခင်မှာပဲ အရိုက်အရာအတွက် ကြိုတင် တံဆိပ်ရိုက်ထားပြီးသား ဖြစ်နေပြီလို့တောင် ပြောလို့ရမယ်၊ ဒီလိုသာဆိုရင် အာဏာစက်ပြင်းလှပါတယ်ဆိုတဲ့ သမီးတော်ရဲ့ထိုင်ခုံက စိုးရိမ်စရာ အနေအထားကို ရောက်လာပြီ။

ပုန်းကွယ်နေတဲ့ နဂါးပေါ်လာပြီးတဲ့နောက်မှာတော့ နန်းတွင်းမှာ အုတ်အော်သောင်းနင်း ဖြစ်ကျန်ခဲ့တယ်။

အရင် မင်းသမီးဘက်မှာရှိခဲ့ကြတဲ့ အမတ်တွေက ဒီကိစ္စအပေါ်ထားတဲ့ မင်းသမီးရဲ့သဘောထားကို တီးခေါက်လိုကြတယ်၊ ဒါပေမဲ့ မင်းသမီးကို ပွဲရဲ့ဘယ်နေရာမှာမှ ရှာမတွေ့ကြဘူး။

ကျင်ဟွာဥယျာဉ်အလယ်က ကျောက်စိမ်းရေကန်ကြီးကို ဖြတ်ဆောက်ထားတဲ့တံတားကနေ ကျော်လွန်သွားတာနဲ့ ပွဲထဲက တီးမှုတ်ကခုန်သံတွေက တဖြည်းဖြည်း အဝေးမှာ ကျန်ခဲ့လိမ့်မယ်၊ ဆိတ်ငြိမ်နေတဲ့ပတ်ဝန်းကျင်က ကျောက်သား ညောင်စောင်တစ်ခုပေါ်မှာ လွန်စွာလှပတဲ့ လူတစ်ယောက် လှဲလျောင်းအနားယူနေတယ်၊ လက်ထဲမှာတော့ ကျောက်စိမ်း ယပ်တောင်တစ်ခု ရှိတယ်၊ သူက အနည်းငယ် ရီဝေနေဟန်နဲ့ မျက်လုံးနှစ်ဖက်ကို အသာအယာ ပိတ်ချထားတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now