52

2.8K 438 125
                                    

အပိုင်း။ ၅၂

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း။ ၅၂

ရှန်းခုံးဂိုဏ်းမှာ ပညာစတင်သင်ကြားစဥ်ကတည်းက ၀မ်ရိပေါ်က ရွယ်တူကလေးတွေထက် ဇွဲရှိတယ်၊ ဒူးထောက်ပြီး သူများထက်ကြာကြာ တရားစာရွတ်နိုင်တယ်၊ တရားထိုင်နိုင်တယ်၊ သူနဲ့ ရွယ်တူကလေးတွေက လေတိုက်သံကြားရုံ၊ ငှက်အော်သံကြားရုံနဲ့ စိတ်ပျံ့လွင့်တတ်တယ်၊ ဒါကြောင့် ဆရာသခင်က သူတို့အားလုံး 'မီးအိမ်လေးရဲ့မှတ်တမ်း' ဆိုတဲ့စာအုပ်ကို ဖတ်ခိုင်းခဲ့တယ်။

စာအုပ်ထဲမှာက ဖော်ရှင်းဘုံကျောင်းမှာ အားထုတ်ကျင့်ကြံတဲ့ အဆင့် (၆) ဘုန်းတော်ကြီး ဟွေ့နန် အကြောင်း ရေးထားတာ။

တစ်နေ့ ဟွေ့နန်ကိုယ်တော် တရားထိုင်နေတုန်း ဟယ်ရှန်အငယ်နှစ်ပါးက အငြင်းအခုန်ဖြစ်နေကြတာနဲ့ သွားကြုံတယ်၊ အနားခေါ်ပြီးမေးတော့ လေတိုက်သွားတဲ့အခါ ရောင်စုံအလံလေးတွေက လွင့်နေတာကိုမြင်ပြီး တစ်ယောက်က အလံကရွေ့တာမဟုတ်ဘူး တိမ်တွေကရွေ့တာလို့ ပြောတယ်၊ နောက်တစ်ယောက်က တိမ်မဟုတ်ဘူး၊ အလံကရွေ့တာဆိုပြီး ပြန်ငြင်းတယ်။

အဲဒီမှာ ဟွေ့နန်ကိုယ်တော်က တိမ်တိုက်ကော၊ အလံပါ မရွေ့ဘူး၊ သင့်ရဲ့စိတ်နှလုံးကသာ ရွေ့လျားနေတာပါလို့ ဖြေပေးတယ်။

ဒီစာအုပ်ကိုပေးဖတ်ပြီး ဆရာသခင်က နောက်ကွယ်က ပြောချင်တဲ့အဓိပ္ပါယ်ကို နားလည်ရဲ့လားဆိုပြီး ၀မ်ရိပေါ်ကို မေးလာတယ်။

"စိတ်နှလုံးသာ မရွေ့လျားခဲ့ရင်.. အလံလဲရွေ့မှာမဟုတ်ပါဘူးလို့ ဆိုလိုတာပါ.. ဒါပေမဲ့ တပည့်အတွက်ကတော့ ထောင်ပေါင်းများစွာသောအလံတွေ ရွေ့လျားနေရင်တောင် နှလုံးသားကလှုပ်ရှားလာဖို့ မဖြစ်နိုင်ပါဘူး"

He Dufo [何渡佛] •COMPLETED•Where stories live. Discover now