28

2.7K 454 49
                                    

အပိုင်း။ ၂၈

"ဒီ..ဒီချူလုံးက ယွင်ညန်ဟာလို့ ပြောချင်တာလား?"

ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုကို မမျှော်လင့်ဘဲ ရှာတွေ့သွားတာကြောင့် ရှန့်ကွမ်မော့ပေ မျက်လုံးတွေက ပြူးကျယ်သွားတယ်။

"သူ..သူနဲ့ ကျောင်းတိုက်ဟယ်ရှန် ရွှမ်__"

စကားတောင် မဆုံးသေးဘူး ဝမ်ရိပေါ်ကရှန့်ကွမ်မော့ပေကို အေးစက်နေတဲ့ အကြည့်တစ်ချက် ပေးလာတယ်၊ လည်ပင်းမှာ ထင်နေတဲ့လက်ရာက အခုထိ ပျောက်သေးတာမဟုတ်ဘူး၊ ရှန့်ကွမ်မော့ပေမှာ ကြောက်ကြောက် ရွံ့ရွံ့နဲ့ 'ရိ' ဆိုတဲ့ စကားလုံးကို ပြန်မြိုချထားလိုက်ရတယ်။

သိပ်အံ့သြပုံမပြတဲ့ ဝမ်ရိပေါ်နဲ့ အေးဆေးလွန်းတဲ့ ရှောင်းကျန့်ကိုကြည့်ရင်း သူတို့နှစ်ယောက်ကတော့ အစောကြီးကတည်းက ဒီအကြောင်းရိပ်မိနေတာ ဖြစ်လောက်တယ်လို့ ရှန့်ကွမ်မော့ပေ နားလည်လိုက်တယ်။

ရွှမ်ရိက ဝမ်ရိပေါ်ရဲ့ဆရာတူအစ်ကိုမလား၊ ရွှမ်ရိအပေါ်မှာထားတဲ့ ဝမ်ရိပေါ်ရဲ့လေးစားကြည်ညိုမှုကို သွားပြီးထိပါးသလို ဖြစ်မှာစိုးလို့ အစောကြီးကတည်းက ရိပ်မိပေမဲ့ ရှောင်းကျန့်က ထုတ်မပြောခဲ့ဘူး၊ ဝမ်ရိပေါ် အခုလို အဆိပ်မိနေတဲ့အချိန်မှာတော့ ဒီကိစ္စအပေါ် ဘယ်လိုများ တုံ့ပြန်မလဲဆိုပြီး သိချင်လာမိတယ်။

ဝမ်ရိပေါ်က ရှောင်းကျန့်ကို ကြည့်လာတယ်၊ မျက်လုံးအကြည့်က ငြိမ်သက်နေပြီး စကားကိုလဲ ခပ်တိုးတိုးပဲ ပြောတယ်။

"လေအေးလာပြီ.. ပြန်ရအောင်"

ပြောပြီးတာနဲ့ အရှေ့ကနေ ဦးဆောင်ပြီး ထွက်သွားတယ်။

ဒါကဘာအခြေအနေလဲ?

မျှော်လင့်ထားတာ တစ်ခုမှ ဖြစ်မလာတော့ ရှောင်းကျန့်စိတ်ထဲမှာ ကလိကလိ ဖြစ်သွားတယ်။

"အနောက်ကနေ လိုက်မသွားတော့ဘူးလား?"

ရှန့်ကွမ်မော့ပေက အနားကပ်လာပြီး မေးတယ်။

"သူများကမှ မပြောချင်တဲ့ဟာ.. လိုက်သွားပြီး ဘာလုပ်ရမှာလဲ?"

ရှောင်းကျန့် စိတ်အလိုမကျစွာ တုံ့ပြန်လိုက်တယ်၊ ရှန့်ကွမ်မော့ပေကသူ့ကို ထူးဆန်းတဲ့ အကြည့်တွေ ပေးလာပြီး။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now