68

1.9K 388 31
                                    

အပိုင်း။ ၆၈

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း။ ၆၈

နောက်ဆုံးတော့ မြင်းနောက်မှာ အသက်ထွက်တဲ့အထိ ဆွဲသွားခံခဲ့ရတဲ့လူကို မျက်နှာလွှဲပြီး နေခဲ့ရတယ်၊ ယွီ၀မ်ကျယ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကိုတော့ ရှောင်းကျန့် ထူးပြီးအံ့ဩမနေတော့ပါဘူး။

ယွီ၀မ်ကျယ်က ဒုတိယသားဖြစ်ရက်နဲ့ နန်းမွေခံမင်းသားနေရာအထိ တက်လှမ်းလာခဲ့တဲ့လူပဲ၊ သူတို့သုံးနဲ့ နည်းလမ်းတွေက မင်ကျောက်မှာ နန်းလုရင်သုံးတဲ့နည်းတွေထက် ဆိုးရွားမှာ သေချာသလောက်ပဲ။

သိပ်မကြာခင်မှာပဲ မိုကျာကို ပြန်ရောက်လာတယ်၊ သူတို့လူစုကို ၀န်မင်းအမတ်တွေက အသင့်စောင့်ကြိုနေကြတယ်၊ မင်ကျောက်ကပါလာတဲ့ အမတ်တွေတင်မကဘူး ချူရှောင်းကအမတ်တွေလဲ အိမ်ရှေ့စံကိုတော့ ကြောက်ကြတဲ့ပုံပဲ။

အိမ်ရှေ့စံက ရှောင်းကျန့်နဲ့ မိုကျာမြို့ပြင်မှာဆုံမိပြီး မြင်မြင်ချင်း ချစ်ကျွမ်း၀င်သွားခဲ့လို့ ကြယ်ကြည့်ဖို့ အတူခေါ်သွားတာဖြစ်ကြောင်း ခပ်တည်တည်နဲ့ လှိမ့်တယ်၊ အကြောင်းပြချက်က နည်းနည်းလေးတောင် ယုတ္တိမတန်မှန်းသိနေလဲ အမတ်မင်းတွေမှာ စောဒက မတက်ရဲဘူး၊ နောက်ပြီး မင်းသမီးက အစကတည်းက အိမ်ရှေ့စံနဲ့ထိမ်းမြားဖို့ ရောက်လာတာ၊ သူတို့အချင်းချင်း အဆင်ပြေပြီး ချစ်ခင်နေကြရင် ပိုကောင်းတာ မဟုတ်ဘူးလား။

တည်းခိုဆောင်ကို ပြန်ရောက်တော့ ရှောင်းကျန့်က အနားယူဖို့လုပ်တယ်၊ မနေ့ညကလဲ အိမ်ရှေ့စံကို စည်းရုံးထိန်းချုပ်ဖို့ တစ်ညလုံး တွေးတောတွက်ချက်နေရတာမို့ ကောင်းကောင်း အိပ်မပျော်ခဲ့ဘူးလေ၊ သူပြန်နိုးလာတော့ အပြင်မှာ အတော်မှောင်နေပြီ၊ ပုယွီက ရှောင်းကျန့်အတွက် ညစာယူလာပေးတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now