8

2.9K 475 62
                                    

အပိုင်း။ ၈

ဒီနေ့တော့ မင်ကျောက်ရဲ့အကြီးဆုံး လှေဆိပ်မှာ သာမန်ငါးဖမ်းလှေတွေ လာရောက်ရပ်နားတာကို တားမြစ်ပိတ်ပင်ထားတယ်၊ မိုင်ပေါင်း ဒါဇင်နဲ့ချီတဲ့ အချင်း၀က်အတွင်းက ရေလမ်းကြောင်းကိုလဲ ရှင်းလင်းထားပြီး လှပတဲ့ ရောင်စုံရွက်လှေတွေကို မိုင်ရာချီအထိ ဖြန့်ကျက်ကာ စောင့်ကြပ်နေခဲ့တယ်၊ တော်၀င်မိသားစုတွေရဲ့ လှည်းတွေက ရာချီတဲ့ ပြည်သူတွေ၊ မူးမတ်အရာရှိတွေ စောင့်မျှော်ကြိုဆိုနေတဲ့ လမ်းမကြီးအတိုင်း ဖြည်းညင်းစွာ မောင်းနှင် လာကြတယ်။

အောင်အတိတ်၊ အောင်နိမိတ်အတွက် လှေဆိပ်မှာ ခုံရှည်တစ်ခုခင်းပြီး အမွှေးနံ့သာအိုးတွေ အသင့်ထွန်းပေးထားတယ်၊ ဒီထက်အချိန်နှောင်းရင် မင်္ဂလာအချိန် ကျော်သွားတော့မှာ၊ ဒါကြောင့် လေဆိပ်မှာ အသင့်စောင့်နေတဲ့ အခါတော်ပေး၀န်မင်းခင်ဗျာ နဖူးမှာ ချွေးတွေသီးနေတဲ့အထိ စိတ်ပူပန်နေရတယ်။

တော်၀င်ရထားလုံး ရပ်တန့်သွားချိန်မှာတော့ သိုးသားရေနဲ့ချုပ်ပြီး ပိုမိုပေါ်လွင်အောင် ရွှေချည်ထိုး အလှဆင်ထားတဲ့ ဖိနပ်တစ်စုံ အောက်ဆင်းလာတာကို အရင်မြင်လိုက်ရတယ်၊ ဘေးမှာရှိနေတဲ့ မိန်းမစိုးက ဆင်းလာတဲ့လူကို လက်ကနေတွဲပြီး ထိန်းထားပေးတယ်၊ သူ့ရဲ့ဖြူနုသွယ်လျတဲ့ လက်ချောင်းမှာ မြကျောက်တွေနဲ့ စီခြယ်ထားတဲ့ လက်စွပ်တစ်ကွင်းရှိတယ်၊ ပေါ့ပါးတဲ့ အကောင်းစားပိုးသားမှာ ဒေါင်လိုက်ရွှေချည်ထိုးကာ အနားကွပ်ထားပြီး အလွှာအထပ်တွေပါတဲ့ ခိုသွေးရင့်ရောင်အပေါ်ရုံက သူ့ရဲ့မျက်နှာကို ပိုပြီးသိမ်မွေ့သွားစေတယ်၊ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ မျက်နှာလေးကတော့ နှင်းခဲတစ်လွှာဖုံးအုပ်နေသလို အေးခဲနေခဲ့တယ်။

ဒီနေ့အဖို့ ဧကရာဇ်ရဲ့သမီးတော် စိတ်တော်ညိုနေမှန်း သိပ်ကို သိသာလွန်းတယ်၊ အခုမှ စိတ်သက်တောင့်သက်သာနဲ့ သူ့အလုပ်သူ လုပ်ခွင့်ရသွားတဲ့ အခါတော်ပေး၀န်မင်းရဲ့ ကန်တော့ပွဲကို တော်၀င်မင်းသမီးက အေးစက်စွာ ရပ်ကြည့်နေတာ၊ ပွဲပြီးဆုံးချိန်မှာတော့ ဧကရာဇ်က သမီးတော်ရဲ့လက်ကို မလွှတ်တမ်း ကိုင်ထားပြီး။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now