22

3.7K 486 149
                                    

အပိုင်း။ ၂၂

ရှောင်းကျန့် ထိတ်လန့်တကြားဖြစ်ကာ အပြင်ရောက်လာတယ်။

တံခါးဖွင့်ကြည့်လိုက်ချိန် ၀မ်ရိပေါ်ကို မတွေ့ရတော့တာမို့ စိုးရိမ်ပြီး ရင်ထဲမှာ မီးစနဲ့ ထိုးခံရသလို ပူသွားတယ်၊ အပြင်ကလေအေးတွေ တိုးခံရတဲ့အခါ အနွေးဓာတ်ရှိနေခဲ့တဲ့ ခန္ဓာကိုယ် ချက်ချင်းဆိုသလိုပဲ ပြန်လည် အေးစက်သွားခဲ့တယ်။

"ဟေး ဘာလို့ အပြင်ထွက်လာတာလဲ?"

ညစာလာပို့ပေးတဲ့ ရှန့်ကွမ်မော့ပေက အပြင်ရောက်နေတဲ့ ရှောင်းကျန့်ကိုမြင်တော့ စိုးရိမ်တကြီး မေးတယ်။

"မြန်မြန် အထဲပြန်၀င်နေ.. သူများတွေမြင်ကုန်ရင် ကံဆိုးအောင်လုပ်တယ်ဆိုပြီး ဝိုင်းပြောဆိုတာ နေကြအုံးမယ်"

ရှောင်းကျန့်က ရှန့်ကွမ်မော့ပေလက်ကို ဖမ်းဆွဲလိုက်ပြီး။

"လူခေါ်ပြီး ၀မ်ရိပေါ်ကို ချက်ချင်းရှာဖို့လုပ်"

"၀မ်ရိပေါ်? သူ မင်းဆီလာရှာလို့လား? အခုဘယ်မှာလဲ?"

ရှန့်ကွမ်မော့ပေက ပဟေဠိဖြစ်နေဟန်နဲ့ မေးခွန်းထုတ်တယ်။

"မရှိတော့ဘူး"

ရှောင်းကျန့်အသံတွေ တုန်နေတယ်။

ရှန့်ကွမ်မော့ပေကတော့ ခပ်အေးအေး ဖြစ်နေတုန်းပဲ။

"ပြန်သွားတာနေမှာပေါ့.. နောက်ပြီးသူက ဟယ်ရှန်လေ.. ဘယ်လိုပဲဖြစ်ဖြစ် မင်းနားမှာ ကြာကြာနေလို့ မကောင်းဘူး"

ရှောင်းကျန့်က အလောတကြီးနဲ့ စကားဖြတ်ချတယ်။

"မဟုတ်ဘူး.. ပန်ကုန်းနဲ့ စကားပြောနေတုန်းမှာ ပျောက်သွားတာ.. တစ်ခုခုဖြစ်နေတာ သေချာတယ်.. တိတ်တိတ်လေး ထွက်သွားစရာအကြောင်း မရှိဘူး"

ရှန့်ကွမ်မော့ပေမျက်နှာ တဖြည်းဖြည်းပျက်ယွင်းလာတယ်၊ ဒါပေမဲ့ ရှောင်းကျန့်ကို ဖြောင်းဖျဖို့ လုပ်နေမိတုန်းပဲ။

"သူက ဘာအန္တရာယ် ဖြစ်နိုင်မှာလဲ.. ပန်းနတ်ဘုရားမ မင်းက ပိုအန္တရာယ်များတာ"

"၀မ်ရိပေါ်က ဟယ်ရှန်လေ"

ရှောင်းကျန့် ဒီလိုပြောလိုက်တော့ ရှန့်ကွမ်မော့ပေမျက်နှာက ဇဝေဇဝါ ဖြစ်သွားတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now