61

2K 349 34
                                    

အပိုင်း။ ၆၁

ကျားထိုးတာ တစ်ဝက်ကျိုးသွားတဲ့အချိန်လောက်မှာတော့ မဒမ်ချင် ပြန်ရောက်လာတယ်၊ အရုဏ်တက်ပြီးပြီမို့ အရှေ့ဘက်ကောင်းကင်ယံမှာ အဖြူရောင် အလင်းတန်းတချို့ စမြင်နေရပြီ၊ တိမ်တွေကြားထဲက ဖြတ်ထွက်လာတဲ့ အလင်းတန်းတွေက ရှောင်းကျန့်ကိုယ်ပေါ်ကို သိမ်မွေ့စွာ ဖြာကျလာတယ်။

ရှောင်းကျန့်က ဆောင်ကြားမြိုင် အပေါ်ဆုံးထပ်ရဲ့ လေသာဆောင်မှာ တစ်ယောက်တည်းထိုင်ပြီး ကျားထိုးနေတာပါ၊ ပြန်ရောက်လာတဲ့ မဒမ်ချင်က ရှောင်းကျန့် ကိုယ်ပေါ်မှာ အပေါ်ရုံတစ်ထည် လွှားပေးလိုက်တယ်။

"လှည်းက မြို့တော်ကနေ ထွက်သွားပါပြီ"

ရှောင်းကျန့်က လက်ထဲကိုင်ထားတဲ့ အဖြူရောင်ကျားစေ့လေးကို ညှစ်လိုက်ပြီး ခေါင်းညိတ်ပြတယ်။

"ဒါပေမဲ့ လူကြီးမင်းနိုးလာတဲ့အခါ ဘာတွေဆက်ဖြစ်လာမယ်ဆိုတာကိုတော့ ကျွန်တော်မျိုးမလဲ အာမမခံရဲပါဘူး.. ကျွန်တော်မျိုးမ ကြောက်မိတာက.."

"ကိစ္စမရှိဘူး"

ရှောင်းကျန့်က ခပ်အေးအေးပဲ ပြန်ပြောတယ်။

"သူ့ခံနိုင်ရည်အားအရ ကျင်းလင်ကထွက်တာနဲ့ နိုးလာမှာ.. ပန်ကုန်းကသူ့အတွက် သစ်သားဆံထိုးလေး ထားပေးခဲ့တာမို့.. အဲဒါမြင်သွားရင် သူနားလည်သွားလိမ့်မယ်"

မဒမ်ချင်က လက်ခံကြောင်း ခေါင်းညိတ်လိုက်ပြီး ဘာမှထပ်မပြောတော့ဘူး၊ အဲဒီနောက်တော့ ဆေးရွက်ကြီးအမှုန့်တွေကို ရွှေဆေးတံထဲထည့်ပြီး အငွေ့တလူလူထွက်တဲ့အထိသောက်နေရင်း ကျားကစားနေတဲ့ ရှောင်းကျန့်ကို ကြည့်နေတယ်။

"အရှင် ဒီမှာကျားလာမဆော့တာတောင် နှစ်တွေကြာနေပြီပဲ"

မဒမ်ချင်က စားပွဲခုံပုလေးကို လက်နဲ့ထိလိုက်ပြီး ခပ်တိုးတိုးပြောတယ်။

"အပြောင်းအလဲတွေ ဖြစ်လာတော့မှာ စိုးရိမ်မိပါတယ်"

ရှောင်းကျန့်က ကျောက်စိမ်းနဲ့လုပ်ထားတဲ့ ကျားစေ့လေးကို လက်ချောင်းကြားမှာ လှည့်ပတ်ကာ ဆော့နေရင်း တည်ငြိမ်စွာ ပြောတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now