21

2.7K 445 66
                                    

အပိုင်း။ ၂၁

နှစ်ပေါင်းများစွာဆိုင်းငံ့ထားတဲ့ ချုံဟွား ပန်းနတ်ဘုရားမ ပူဇော်ပွဲကို ပြန်လည်စတင်ခဲ့ပြီမို့ ရန်ကျိုးက ပြန်လည်စည်ကား တက်ကြွလာတယ်၊ အရင်ကတည်းက ဒီအချိန်က တစ်နှစ်တာလုံးရဲ့ အစည်ကားဆုံးအချိန် ဖြစ်ခဲ့တာ။

ရန်ကျိုးမှာပွင့်တဲ့ပန်းတွေက သိပ်လှရုံတင်မကဘူး ရနံ့ကလဲ ကြိုင်လှိုင်နေအောင်မွှေးတယ်၊ လမ်းဘေးဝဲယာကို မျက်လုံးဝေ့ကြည့်ရင် မြင်မြင်ရာမှာ ပန်း‌မျိုးပေါင်းစုံနဲ့ ပြည့်နှက်နေတဲ့ နွေဦးရဲ့သရုပ်ကို ပီပီပြင်ပြင် ရှုစားရလိမ့်မယ်။

ပန်းတွေနဲ့ အပြိုင်လှနေသူများကတော့ ချုံဟွား ပန်းနတ်ဘုရားမပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မိန်းမပျိုလေးတွေပဲ၊ သူတို့ရဲ့လှပတဲ့ ပိုးဖဲဂါဝန်ရှည်တွေက ကောင်းကင်က တိမ်တွေလို လှပစွာလွင့်မျောနေကြတယ်၊ သူတို့ကို ပန်းတွေထက်တောင်လှတယ်ဆိုပြီး တင်စားချီးကျူးရင်တောင် မှားမယ်မထင်ဘူး။

ပွဲတော်စတင်ချိန်ရောက်နေပေမဲ့ ပန်းနတ်ဘုရားမအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ မိန်းမပျိုကိုတော့ အခုထိ မမြင်ရသေးဘူး၊ ဒီနှစ်ရဲ့ပန်းနတ်ဘုရားမက ဗုံအက,ကပြီး အားလုံးရဲ့နှလုံးသားကို ဖမ်းစားခဲ့တာမို့ သူ့ကိုတွေ့ရဖို့ အကုန်လုံးက စိတ်အားထက်သန်နေကြတာ၊ အခုထိမမြင်ရသေးတဲ့အတွက် အားမလိုအားမရ ဖြစ်နေကြတယ်။

ချုံဟွား ပန်းနတ်ဘုရားမအဖြစ် ရွေးချယ်ခံထားရသူကတော့ အလွန်အမင်း စိတ်မပျော်မရွှင်ဖြစ်နေတယ်၊ ဘေးကအထိန်းတော်တွေက ကြီးမားလေးလံတဲ့ ပုလဲသရဖူကို ခေါင်းမှာဆင်မြန်းခွင့်ပေးဖို့ ဝိုင်းဝန်းဖြောင်းဖျနေကြတယ်။

"ပန်းနတ်ဘုရားမလေး ဒီခေါင်းဆောင်းက ၀တ်လိုက်ရင် သိပ်လှတယ်.. မီးလင်းပုလဲတွေကလဲ အရှင်မနဲ့ဆို တအားလိုက်မှာ.. ဒါလေးတော့ဆောင်းလိုက်ပါနော်"

ရှောင်းကျန့်က မှန်ရှေ့မှာ ထိုင်နေတာ၊ မျက်နှာတစ်ဝက်ကို ပဝါနဲ့အုပ်ကွယ်ထားတယ်၊ ပေါ်နေတဲ့ မျက်ဝန်းတစ်စုံမှာတော့ စိတ်မရှည်တော့တဲ့ အရိပ်အငွေ့တွေနဲ့ ပြည့်နေတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now