45

2.4K 423 100
                                    

အပိုင်း။ ၄၅

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း။ ၄၅

ဖုန်တသောသောကြားမှာ မြားတွေပျံပြီး၊ မြင်းတွေကဆုန်ပေါက်နေခဲ့တဲ့ ပြိုင်ကွင်းက ရုတ်ချည်း တိတ်ဆိတ်သွားပြီး အားလုံးရဲ့အာရုံက နေရာတစ်ခုတည်းကို စုပြုံကျလာခဲ့တယ်။

ရှောင်းကျန့်လဲ ဘာထူးလဲ၊ အသက်ရှူအောင့်လိုက်မိပြီး လင်းယုန်ငှက်ကြီးရဲ့ ကြည်တောက်နေတဲ့ ပယင်းရောင်မျက်လုံးတွေကို ငေးကြောင်ကြည့်နေမိတယ်၊ လူက မြောက်ပိုင်းပင်လယ်ရဲ့ အောက်ခြေကြမ်းခင်းအထိ မြုပ်ဝင်သွားပြီး ရေမျက်နှာပြင်ပေါ် ပြန်မတက်နိုင်တော့သလို ခံစားနေရတယ်။

လက်ဖျံပေါ်မှာနားနေတဲ့ လင်းယုန်ငှက်က အလွန်အမင်း လိမ်မာတယ်ဆိုရင်တောင် သူ့ရဲ့ထည်ဝါတဲ့ဟိတ်ဟန်ကတော့ ရှိနေတုန်းပဲ၊ သူက လည်ပင်းကို တစ်ပတ်လှည့်ကာ ရှောင်းကျန့်ကို တည့်တည့် ပြန်ကြည့်လာတယ်။

နောက်တော့ အဝါရောင်နှုတ်သီးကောက်ကောက်ကြီးကို အနည်းငယ် ဟ,ကာ အသံပြုလိုက်တယ်၊ ရှောင်းကျန့် လက်ဖဝါးထဲကိုတော့ သူကိုက်ထားတဲ့ သံမဏိအထိမ်းအမှတ်တံဆိပ်ပြားက ပြုတ်ကျလာခဲ့တယ်၊ ငြိမ်ပြီး စောင့်ကြည့်နေတဲ့လူတွေ အကုန်လုံးမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတယ်။

ရှောင်းကျန့်လဲ လန့်ဖျပ်သွားပြီး တံဆိပ်ကို အမြန်ဖမ်းထားလိုက်ရတယ်၊ နှစ်ပေါင်းတစ်ရာနီးပါး ယူလို့မရခဲ့တဲ့ အထိမ်းအမှတ်ပစ္စည်းက သူ့လက်ထဲကို လွယ်လင့်တကူ ရောက်လာခဲ့တယ်၊ အထိမ်းအမှတ်တံဆိပ်ပြားဆီက အေးစက်စက်ခံစားမှုက လက်ဖျားကတဆင့် ခန္ဓာကိုယ်အနှံ့ တမုဟုတ်ချင်း ပျံ့သွားတယ်၊ ရှောင်းကျန့်က သံမဏိတံဆိပ်ပြားလေးကို ကိုင်ထားရင်း ဝမ်ရိပေါ်ကို မယုံနိုင်သလို မော့ကြည့်လိုက်တယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now