90

2.4K 459 78
                                    

အပိုင်း။ ၉၀

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း။ ၉၀

မြူတွေအုံ့ဆိုင်းနေတဲ့ ဖူရှီးတောင်ကြားကတော့ အရင်အတိုင်း မပြောင်းလဲသေးဘူး၊ အနောက်ဘက်က သစ်တောထဲမှာ နူးညံ့တဲ့ ပန်းနုရောင်မက်မွန်ပန်းတွေ ဝေနေအောင် ပွင့်ဝေနေတယ်၊ အနောက်ဘက် တောထဲမှာနေခဲ့တဲ့ ဆေးဆရာက မက်မွန်ပန်းကို အတော်နှစ်ခြိုက်တာကြောင့် စိုက်ပျိုးခဲ့တာဖြစ်တယ်လို့ သိရတယ်၊ လေပြေလေညှင်းတွေက ကြည်လင်သင်းပျံ့တဲ့ မက်မွန်ပန်းရနံ့ကို ၁၀ မိုင်အကွာထိ သယ်ဆောင်သွားပေးနိုင်တယ်။

တောင်စောင်းက လှေကားထစ် စိုက်ခင်းတွေကြားထဲမှာတော့ ဖျင်ကြမ်း၀တ်စုံကို၀တ်ပြီး တူရွင်းပြားနဲ့ မြေကြီးကို တူးဆွနေတဲ့ ရှန့်ကွမ်မော့ပေရှိနေတယ်၊ သူဘာတွေ တူးနေလဲဆိုတာတော့ ရှောင်းကျန့် မသိဘူး၊ ရှောင်းကျန့်က ၀မ်ထျင်းရှီနဲ့အတူ အထွတ်အမြတ်တောင်ကို လိုက်သွားတာမို့ ၂ ရက်လောက် နောက်ကျပြီးမှ ရောက်လာတာ၊ ရှန့်ကွမ်မော့ပေက အရင်ရောက်နှင့်နေတာ။

အမည်းရောင် ပဝါအုပ် ခေါင်းဆောင်းကို၀တ်ပြီး မြင်းတစ်စီးနဲ့ ဇိမ်ကျကျရောက်လာတဲ့ ရှောင်းကျန့်ကို လှမ်းမြင်လိုက်ရတယ်၊ ရှောင်းကျန့်ရဲ့၀တ်စုံက အရင်လို ကြော့မော့မနေဘဲ၊ ဖုန်တစ်ထပ် သဲတစ်ထပ် ဖြစ်နေတာမို့ ရှန့်ကွမ်မော့ပေ ပြုံးမိသွားတယ်။

"နောက်ဆုံးတော့ ပြန်လာပြီပဲ"

ရှန့်ကွမ်မော့ပေ ပြုံးရယ်တာကို မမြင်ရတာ အတော်လေး ကြာနေပြီ၊ အခုအပြုံးက တည်ငြိမ်ရင့်ကျက်တယ်ဆိုပေမဲ့ ဟိုအရင်ကလို တက်ကြွမှု အနည်းငယ် ရှိနေတယ်၊ ရှန့်ကွမ်မော့ပေစကားကြားတော့ ရှောင်းကျန့်မှာ ကိုယ့်ကိုယ်ကို အချိန်အတော်ကြာမှ အိမ်ပြန်လာရတဲ့ ခရီးသွားတစ်ယောက်လို ခံစားရပြီး မျက်လုံးတွေ ကျိန်းစပ်လာတယ်။

He Dufo [何渡佛] •COMPLETED•Where stories live. Discover now